BEC-TERO TV

ဥရောပ(၆)နိုင်ငံကို ဟန်နီးမွန်းထွက်မယ့် မိုးယုစံ

01 Nov 2016     1,494 Views


စွမ်းသူမိုးနဲ့ သရုပ်ဆောင်မိုးယုစံတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကို ဥရောပ (၆)နိုင်ငံသို့ (၁၂)ရက်ကြာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံ သွားရောက်လည်ပတ်မယ့် နိုင်ငံတွေကတော့ ဆွစ်စလန်၊ ပြင်သစ်၊ အီတလီ ၊ သြစတေးလျနဲ့ နောက်ထပ်နိုင်ငံတစ်ခုအပါအဝင် ခြောက်နိုင်ငံသွားရောက်မယ်လို့ သိရပါတယ်။

မိုးယုစံတို့ဇနီးမောင်နှံဟာအောက်တိုဘာ၁၈ရက်က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပြီး မင်္ဂလာဦးဆွမ်းကျွေးကို မဟာစည်သာသနာ့ရိပ်သာမှာ အောက်တိုဘာ၂၀ရက်နေ့က ကျင်းပခဲ့ပါတယ်။ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Meliaဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Credit :Duwun


01 Nov 2016     1,494 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment