မြန်မာမိသားစုအကြောင်းကို အခြေခံထားတဲ့ နိုင်ငံခြားရုပ်ရှင်ကားတို "Phyu Phyu"
01 Nov 2016 1,835 Views
လမ်းပေါ်ကနေ ကောက်ရတဲ့ အရုပ်လေးတစ်ရုပ်ကနေ ကြေကွဲဝမ်းနည်း ခြောက်ခြားစရာ အဖြစ်တွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး အမှန်တရားကို ကျန်ရစ်သူတွေ သိအောင် လမ်းပြပေးခဲ့သူ သမီးငယ်လေး “ဖြူဖြူ”..။
မလေးရှား ဒါရိုက်တာ Ving Lee ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုရုပ်ရှင်ကားလေး အမည်က “Phyu Phyu” ပါ။ မလေးရှားနိုင်ငံကို အောက်လမ်းက ဝင်ရောက်လာတဲ့ မြန်မာမိသားစုလေးထဲက သမီးငယ်လေး ဖြူဖြူရဲ့ ကြေကွဲစရာ အဖြစ်တွေကို ပညာပေးဇာတ်လမ်းတို အနေနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
သရုပ်ဆောင်သူတွေက မလေးလူမျိုးများသာဖြစ်လို့ မြန်မာစကားပြော အခန်းတွေမှာ သိပ်မပီသပေမယ့် သနတ်ခါး ပါးကွက်ကြားလေးနဲ့ ၅နှစ် ၆နှစ်အရွယ် သမီးလေး ဖြူဖြူက ချစ်စရာကောင်းလှပါတယ်။ ဒီဇာတ်ကားတိုလေးက နိုင်ငံရပ်ခြားမှာ တရားမဝင်နေထိုင်ရတဲ့ မြန်မာတွေရဲ့ ဘဝပုံရိပ်တွေထဲက အချို့ကို ထင်ဟပ်ပေါ်လွင်စေပါတယ်..။
“ဖြူဖြူ (သို့မဟုတ်) Phyu Phyu”







