BEC-TERO TV

ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒီဇိုင်းရေးဆွဲထုလုပ်ခဲ့သည့် ပညာရှင် ဂက်ဇာနီဂါ ကွယ်လွန်

01 Nov 2016     1,231 Views


-ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ဒီဇိုင်းရေးဆွဲထုလုပ်ခဲ့သည့် ပညာရှင် ဆီဗီယိုဂက်ဇာနီဂါသည် အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ရပြီဖြစ်သည်။

-ဂက်ဇာနီဂါသည် မီလန်မြို့ရှိ သူ၏နေအိမ်တွင် အိပ်ပျော်နေရာမှ ပြန်မနိုးလာတော့ပဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူ Giorgio က ပြောဆိုခဲ့သည်။ ‘ဒီနေ့မနက်မိုးလင်းတော့ သူပြန်ထမလာတော့ပါဘူး။

ငြိမ်းချမ်းတဲ့ သေဆုံးခြင်းပါ’ ဟု သားဖြစ်သူ Giorgio က ဆိုသည်။ ၁၉၇၀ ခုနှစ်က ဂျူးရီးမက်ကမ္ဘာ့ဖလားဆုကြီးကို ဘရာဇီးအသင်းက သုံးကြိမ်မြောက်ရရှိခဲ့ပြီးနောက် ၁၉၇၁ ခုနှစ်တွင် ဂက်ဇာနီဂါက လက်ရှိကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ဒီဇိုင်းရေးဆွဲပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ‘ကမ္ဘာ့ဖလားချန်ပီယံဆုကြီးက ဘောလုံးသမားတွေအားလုံးနဲ့ ဘောလုံးကိုချစ်မြတ်နိုးသူတွေအားလုံးအတွက် နှိုင်းယှဉ်ဖော်ပြလို့မရတဲ့ မြတ်နိုးတန်ဖိုးထားရမှုတစ်ခုပါ။ ဂက်ဇာနီဂါအတွက် မိသားစုဝင်တွေနဲ့အတူ ၀မ်းနည်းရပါတယ်’ ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောဆိုခဲ့သည်။ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးသည် ရွှေသား ၁၈ ကာရက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၆ ကီလိုဂရမ်(၁၃ ပေါင်)နီးပါး အလေးချိန်ရှိသည်။

Credit ; mizzimaburmese


01 Nov 2016     1,231 Views




RELATED

Most Popular of Special or Others

Most Popular of NEWS