BEC-TERO TV

ဆိုရှယ်မီဒီယာမှာ လူသိများလာသည့် နီပေါလ်က ဟင်းသီးဟင်းရွက်သည်လေး

01 Nov 2016     1,820 Views


တစ်လောက လက်ဖက်ရည်ဖျော်ရောင်းသူ ပါကစ္စတန်က ကောင်လေးတစ်ယောက် ဓါတ်ပုံဆရာရဲ့ ရိုက်ချက်ကြောင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားခဲ့ပြီး ချက်ခြင်းဆိုသလို မော်ဒယ်သရုပ်ဆောင်အဖြစ် ခြုံကြားမှဘုံဖျားသို့ ချက်ချင်းရောက်ရှိသွားခဲ့တာကို မှတ်မိကြလိမ့်ဦးမည်ထင်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် အွန်လိုင်းမီဒီယာ လူမှုကွန်ယက်ရဲ့ အင်အားကြီးမားလှတဲ့ စွမ်းပကားကို သတိပြုမိနိုင်ပါတယ်။
 
 
 
ယခုတစ်ဖန်လည်း နီပေါလ်နိုင်ငံက ဟင်းသီးဟင်းရွက်ရောင်းချသူ ဈေးသည်မလေးရဲ့ ဓါတ်ပုံက အွန်လိုင်းမီဒီယာပေါ်မှာ တစ်စတစ်စနဲ့ မွှေးပျံ့လာနေခဲ့ပြန်ပါပြီ။ နီပေါသူလေးရဲ့ ဘဝအလှည့်အပြောင်းက ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာ အားလုံးက စိတ်ဝင်စားလျှက်ရှိနေကြပါတယ်။ ပါကစ္စတန်က အဖျော်သည်လေးကိုပဲ ကျော်တက်သွားမလား..? ဒီလောက်နဲ့ပဲ ဖျော့တော့ မှေးမှိန်သွားမလားဆိုတာကို စောင့်ကြည့်ကြရပါဦးမည်..။ 
 

01 Nov 2016     1,820 Views




RELATED

Most Popular of Special or Others

Most Popular of NEWS