လျှပ်စစ်မီးသီး အပူလွန်ကဲရာမှ လူနေအိမ်များ မီးလောင်မှု လှိုင်မြို့နယ်တွင် ဖြစ်ပွား
02 Nov 2016 1,559 Views

နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊
မာလာမြိုင်(၃)လမ်းရှိ ဈေးဆိုင်ခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ဆိုင်ခန်း(၅)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒေါ်သန်းသန်းဆွေ၏ နေအိမ်ဈေးဆိုင် အခန်းအမှတ် (၁၀၂)တွင် ဘုရားစင်၌ ပူဇော်ထားသည့် လျှပ်စစ်ရောင်စုံမီးဆိုင်းမှာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းကာ ဘုရားစင်အောက်ရှိ စားပွဲပေါ်မှ
စာအုပ်များပေါ်သို့ ပြုတ်ကျခဲ့ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေရာသို့ မီးသတ်ယာဉ်များ ရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့၍ ညနေ ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ယင်းသို့ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည့်အခန်းပိုင်ရှင် ဒေါ်သန်းသန်းဆွေ၊ (၄၅)နှစ်အား
လှိုင်မြို့မရဲစခန်း(ပ)၁၀၉၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref:YangonPolice







