BEC-TERO TV

မြန်မာဆန်ဆန် ဇာတ်ရုပ်နဲ့ တွေ့ရမယ့် နန်းဆုဦး

02 Nov 2016     2,049 Views


"ဥပါဒါန်" ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းဆုဦးက မြန်မာဆန်ဆန် နဲ့ ဘာသာရေးကို ကိုင်းရှိုင်းတဲ့ မိန်းကလေးတစ်ဦး အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဂျစ်ကန်ကန်ပုံစံလေးတွေနဲ့ အရိုက်များတဲ့ နန်းဆုဦးအတွက် ဒီကာရိုက်တာက အသစ်အဆန်းတစ်ခု ဖြစ်စေသလို သူမရဲ့ ပရိသတ်တွေအတွက်လည်း မြင်နေကျ ပုံစံကနေ ကွဲထွက်စေမယ့် ဇာတ်ကာားတစ်ကားဖြစ်တယ်လို့ သူမက ပြောပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားမှာ တစ်ကားလုံး မြန်မာဆန်ဆန် ဖက်ရှင်များနဲ့ တွေ့ရမှာ ဖြစ်ပြီး သူမနဲ့အတူ ချိုပြုံး၊ ခင်ဇာခြည်ကျော်၊ မေသဉ္ဇာဦးတို့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Credit:Duwun


02 Nov 2016     2,049 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment