BEC-TERO TV

BMW ကားမောင်းတဲ့ အမျိုးသမီးက ဘန်ကောက်မြို့လည်မှာ ကား ၉ စီးကို ဂိမ်းဆန်ဆန် နောက်ကလိုက်တိုက်

02 Nov 2016     1,328 Views


နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည်တွင် အမျိုးသမီးတစ်ဦး အဖြူ ရောင် BMW ကားကိုမောင်းနှင်ကာ အခြား ကား(၉)စီးကို နောက်ကလိုက်တိုက်ခဲ့တဲ့အတွက် လူနှစ် ဦးဒဏ်ရာရသွားခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
 
ထိုင်းဘတ်ငွေ ၃ သန်း (မြန်မာကျပ်ငွေ သိန်း ၉၀၀) တန်ဖိုးရှိတဲ့ BMW လိုကားမျိုးကို သာမန်လူတွေ အိမ်မက်တောင် မမက်နိုင်ပါဘူး။ ဒီလိုကားမျိုးကို စီးနင်းနိုင်သူတွေဟာ ထိတ်ထိတ်ကျဲချမ်းသာသူ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်လေ့ရှိပါတယ်။
 
 
ဘန်ကောက်မြို့ ဟွေ့ခွမ်မြို့နယ်၊ ဖလမ်(၉) လမ်းမကြီးရဲ့ the mall Esplanade Park ကုန် တိုက်ကြီးရှေ့က လူအစည်ကားဆုံးနေရာမှာ ကားတွေကို လိုက်လံတိုက်ခဲ့ပြီးနောက် ကားပေါ်မှ ဆင်းလာကာ  "မသေချင်တဲ့သူတွေ ဘေးကိုရှောင် ထား မယ်၊ ကားပေါ်မှာ ဗုံးတွေထောင်ထားတ်” လို့ အော်ဟစ်ခဲ့ပြီးနောက် လမ်းမကြီး အလယ်မှာ လက်အုပ်ချီတရားထိုင်နေသလို ထိုင်ချလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
 
 
မူးယစ်ဆေးသုံးထားသူလို့ ယူဆရတဲ့ အဆိုပါအမျိုးသမီးဟာ အသက် ၂၈ နှစ်ခန့်ရှိပြီး (net idol) နာမည်ကြီး အင်တာနက် အွန်လိုင်း ကိုယ်ဟန်ပြအလှမယ်တစ်ဦး ဖြစ်တယ်လို့ သတင်းတွေမှာ ရေးသားနေကြပါတယ်။
 
 
လွန်ခဲ့တဲ့ ဇူလိုင် ၂၂ ရက် ညပိုင်းကလည်း ထိုင်းနိုင်ငံဘန်ကောက် မြို့လယ်ခေါင်က ရတ်ချပရာစုန် လမ်းဆုံမှာရှိတဲ့ လေးမျက်နှာ ဧရာဝဏ် နတ်ကွန်းထဲကို ကား တစီး ဝင်တိုက်ခဲ့ပြီး နတ်ကွန်းထဲ အထိ ဝင်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရသွားတယ်လို့ ဘန်ကောက် ပို့စ်သတင်းက ရေးသားထားပါတယ်။
 
Ref:Bangkok Post

02 Nov 2016     1,328 Views




RELATED

Most Popular of International News

Most Popular of NEWS