BEC-TERO TV

Centrum အားဆေး တကယ်အန္တရာယ်ရှိသလား..?

02 Nov 2016     2,305 Views


အဆိပ်ဓာတ်နှင့် ဆိုးဆေးအရောင်အတုများပါဝင်နေသော Centrum အားဆေးလို့ ခေါင်းစဉ်တပ်ထားတဲ့ စာတပုဒ်ကို တယောက်ကနေပို့ပေးလို့ ဖတ်ရပါတယ်။ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီးတံဆိပ်အားဆေး Centrum အားမရှိစေတဲ့အပြင် လူကို အန္တရာယ်တောင်ဖြစ်စေနိုင်လို့လည်းပါတယ်။ စာကို တော်တော်ရှည်ရှည်ရေးထားပေမဲ့ အချုပ်ကို ထုတ်ယူတော့ -
 
မလိုအပ်ပဲ သတ်မှတ်ထားတဲ့ ပမာဏထက် ကာရိုတင်းကိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေက်ို ၂၀% မြင့်တက်လာစေတာတွေ့ရတယ်။ ဗီတာမင်အီး လိုတာထက် ပိုစားသုံးရင်၊ ပရိုစတိတ်ဆီးကျိတ်ကင်ဆာ ၁၇% အထိ မြင့်တက်လာစေတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေကို ပမာဏထက်ပိုသောက်ခဲ့ရင်၊ အဲဒီအူကင်ဆာ ဖြစ်နိုင်ခြေတောင် ပိုမြင့်တက်လာစေနိုင်ပါတယ်။ ကျန်တာတွေမှာတော့ သဘာဝနည်းနဲ့ ဗီတာမင်ရယူနည်း၊ ဖြည့်စွက် ဗီတာမင်အားဆေးတွေဖြတ်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။ အဲတာနဲ့ နိုင်ငံတကာ ဝဘ်ဆိုက်တွေကို လိုက်ဖတ်ရပါတယ်။ အကိုးအကား ၂ ခုကိုသုံးပြီး ကျွန်တော့်အယူအဆကို တင်ပြပါရစေ။
 
၃-၁-၂ဝ၁၄ နေ့စွဲနဲ့ Centrum ဆင်ထရမ်က ဗီတာမင်တွေက စိတ်ချရသလားဆိုတာအရင်ဖတ်ပါတယ်။ လူတွေ အဲလို ဆင်ထရမ်ကထုတ်တဲ့ ဗီတာမင်တွေထဲမှာ တခြားဟာတွေပါနေလို့ တချို့လူတွေအတွက် စိတ်ချရသလားဆန်းစစ်တယ်။ တခုကတော့ ခဲဓာတ်ဖြစ်ပါတယ်။ အဲတာကြောင့် FDA ကနေ ခဲဓာတ်ပါဝင်မှုကို လေ့လာတော့ လူတွေအတွက် အန္တရာယ်ပေးနိုင်ချေအောက်မှာရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ 
 
အလာဂျီရစေတာများတဲ့ Shellfish ငါးလည်း မပါဝင်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသင့်ပါလို့ Centrum ဝဘ်ဆိုက်မှာရေးထားပြီးဖြစ်တယ်။ ဗီတာမင်အေ 800 micrograms ပါနေတာဟာ စိတ်ချရတယ်။ များရင်သာ အထဲကကလေးအတွက် မကောင်းပါ။ ဆရာဝန်အညွှန်း ဆေးပုလင်းအညွှန်းထက် မကျော်ရင် စိုးရိမ်စရာမရှိပါ။ နောက်သတိပေးစာတပုဒ်ကတော့ Centrum နောက်ကွယ်က အမှန်တရားလို့ခေါင်းစဉ်ပေးထာတယ်။ ရက်စွဲမတွေ့ပါ။
 
ကနေ့ လူတွေစားသောက်နေတာထဲမှာ အာဟာရဓါတ် မှန်ကန်အောင် ပါမနေပါ။ အမေရိကန် ရဝ% ဟာ ဆေးတွေကို မှီဝဲနေကြတယ်။ အဲတာက ပြဿနာဖြစ်တယ်။ Centrum ဆေးတွေကို Pfizer ကနေထုတ်တယ်။ Pfizer က အမေရိကန် ဆေးစျေးကွက်ရဲ့ ရဝ% ကိုကြီးစိုးထားတယ်။ ၂ဝ၁၅ ခုနှစ်ထဲမှာ အမြတ်ငွေ ၄၈ ဘီလီယန်ရရှိခဲ့တယ်။
 
Centrum ရဲ့ အချက်အလက်မှန်များ
 
၁။ ဆေးထုတ်လုပ်သူ စိတ်ချရတယ်။ 
၂။ ဆေးညွှန်းအတိုင်သာသောက်ရမယ်။ ဆရာဝန်ညွှန်တာထက် နည်းတယ်။ 
၃။ အာဟာရဓါတ်တန်ဖိုး စျေးအချိုဆုံးဖြစ်တယ်။ စုပ်ယူနိုင်စွမ်းနည်းတယ်။
၄။ ဆေးမဟုတ်တာတွေပါတယ်။ ဓါတုဆေးအမည်တွေ မထည့်တော့ပါ။
၅။ တနေ့ တလုံးတည်းသာဆိုတာ အကွက်ချလုပ်တာဖြစ်တယ်။ ရေထဲမှာပျော်ဝင်ကြတဲ့ ဗီတာမင် ဘီ နဲ့ စီတွေဟာ ကိုယ်ထဲရောက်တာနဲ့ ၄ နာရီသာခံတယ်။ တရက်တလုံးဆိုတာ မမှန်ပါ။ တနေ့ ၂-၃ ကြိမ်လိုတဲ့ဓါတ်ဖြစ်တယ်။
ဆေးထဲမှာပါတာတွေကတော့ -
၁။ Calcium Carbonate ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။ 
၂။ Magnesium Oxide ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။ စျေးအချိုဆုံးဖြစ်တယ်။
၃။ Ferrous Fumarate ကနေ ဝမ်းချုပ်စေနိုင်တယ်။
၄။ Vitamin E (DL-Alpha Tocopherol) စျေးကြီးတာနဲ့ စျေးချိုတာရောထားတယ်။
၅။ B vitamins ပါဝင်တာ အလွန်နည်းတယ်။
 
မြန်မာလိုသတိပေးစာမှာရေးထားသလောက် စိုးရိမ်စရာမရှိပါ။ ဆေးထက် အစားအသောက်ကနေရတဲ့ ဗီတာမင်တွေကို ပိုပြီး ဖြစ်နိုင်ရင်လုံးလုံး အားကိုးသင့်ပါတယ်။ အစာအာဟာရချို့တဲ့နေသူတွေ၊ တချို့ကိုယ်ဝန်ဆောင်တွေ၊ အရက်သောက်သူတွေ၊ အစာလမ်းရောဂါရှိသူတွေ၊ တမင်တကာ အစာရှောင်သူတွေ၊ အစာရှောင်ဘို့ ဆရာဝန်က ညွှန်ထားသူတွေ ဗီတာမင်ဖြည့်စွက်ဘို့ လိုကြတယ်။ ဒါပေမဲ့ တယောက်လိုတာနဲ့ တယောက်လိုတာ အမျိုးအစားရော ပမာဏပါ မတူကြပါ။ စျေးကြီးရင် ဆေးပိုကောင်းမယ်ဆိုတာတော့ ငြင်းမရပါ။ ဒါပေမဲ့ ဆေးဝယ်ရင် ဆေးပုလင်းပါစာကို တန်းမယုံပါနဲ့။
 
စာရေးသူ - ဒေါက်တာတင့်ဆွေ

 


02 Nov 2016     2,305 Views




RELATED

Most Popular of Health Fix

Most Popular of NEWS