BEC-TERO TV

သဘာဝဓာတ်ငွေ့မရလို့ ရန်ကုန်က မြို့နယ်များတချို့ကို မီးယာယီဖြတ်မယ်

02 Nov 2016     1,249 Views


-ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် သဘာဝဓာတ်ငွေ့ပေးပို့နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းက ဓာတ်ငွေ့ပေးပို့မှုစနစ်ချို့ယွင်းသွားလို့ ရန်ကုန်မြို့ထဲက မြို့နယ်တချို့ကို လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားတာတွေ လုပ်သွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးဝေရေး ကော်ပိုရေးရှင်းက ကြေညာခဲ့ပါတယ်။

-ဓာတ်ငွေ့ပေးပို့မှုစနစ်ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့ကို ပေးပို့တဲ့ ပမာဏလျော့နည်းသွားလို့ အရန်စနစ်တွေကနေ အစားဖြည့်တင်း ပေးခဲ့ပေမယ့် ရန်ကုန်မြို့ရွာမနဲ့ လှော်ကား ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ရပ်တန့်ထားမယ်လို့ သိရပါတယ်။ ဒီလိုရပ်တန့်ထားတဲ့ ကာလအတွင်း ဓာတ်အားစနစ်ထိန်းညှိဖို့နဲ့ လှော်ကားက ထရန်စဖော်မာရဲ့ဝန်အားကို ထိန်းညှိနိုင်ဖို့အတွက် ဒီနေ့ညနေ ၄ နာရီကနေ ညနေ ၆ နာရီအထိ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

Credit : duwun


02 Nov 2016     1,249 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS