BEC-TERO TV

လေယာဉ်ပျံသန်းစဉ် လိင်အာသာဖြေနေသည့်ပုံများ ရိုက်ကူးခဲ့သည့် လေယာဉ်မှူး

02 Nov 2016     2,213 Views


လေယာဉ်ပျံသန်းနေစဉ် လေယာဉ်မှူးအခန်းအတွင်း ရိုက်ကူးခဲ့တဲ့ ညစ်ညမ်း ပုံတွေထွက်လာခဲ့မှုကြောင့် ဗြိတိသျှလေကြောင်းလိုင်း လေယာဉ်မှူးတစ်ဦးဖြစ်သူ “ကောလင်း ဂရိုဘာ” အသက် ၅၁ ကို တာဝန်မှ ရပ်စဲခဲ့ပါတယ်။
 
 
အဆိုပါ ဓါတ်ပုံများအရ လေယာဉ်ပျံသန်းနေစဉ် အမြင့်ပေ ၃၈,၀၀၀ လောက်အရောက်မှာ အလိုလျောက်မောင်းနှင် စနစ်နဲ့ ထိန်းချုပ်ပျံသန်းနေစဉ် တစ်ကိုယ်ရေ လိင်အာသာဖြေနေသော ဓါတ်ပုံများ၊ ဖော်ချွတ်စာအုတ်များ လေယာဉ်အခန်းတွင်းပျံ့ကျဲနေသော ပုံများကို တွေ့ရှိခဲ့ရပြီး အဆိုပါဓါတ်ပုံများကို အကူလေယာဉ်မှုး မရှိတဲ့အချိန်မှာ ရိုက်ကူးထားကြောင်း တွေ့ရှိခဲ့ရသည်။
 
ဓါတ်ပုံတွင်ပါရှိသော လေယာဉ်မှူးအခန်းမှ နံပါတ်တွေ မတူညီတာကြောင့် လေယာဉ်နှစ်စင်းပေါ်မှာ ရိုက်ထားခဲ့သည်ဟု ယူဆနိုင်ပြီး ပုံတစ်ပုံတွင်မူ သူ၏မျက်နှာပါရှိနေသည့်တိုင် လေယာဉ်မှူးက သူမဟုတ်ကြောင်းငြင်းဆိုလျှက်ရှိသည်။ 
 
 
လေယာဉ်မှူး ဂရိုဘာသည် လေယာဉ်မောင်နှင်သက်တမ်း ၂၆ နှစ်ရှိသူ တစ်ဦးဖြစ်သည်။ အဆိုပါ စွပ်စွဲချက်နှင့် ပက်သက်၍ ဗြိတိသျှလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ ဒီကိစ္စကို အလေးအနက်ထားပြီး အရေးယူသွားမည်” ဟု ပြောကြားခဲ့သည်။
 

02 Nov 2016     2,213 Views




RELATED

Most Popular of Special or Others

Most Popular of NEWS