မဟာဓါတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်း တစ်ခုလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်
03 Nov 2016 1,483 Views

လျှပ်စစ်မီးဖြန့်ဝေပေးသည့် ၂၃၀ကေဗီ မဟာဓါတ်အားလိုင်း ချို့ယွင်းချက်ဖြစ်ခဲ့တာကြောင့် ယမန်နေ့ညနေပိုင်းက စတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ သတင်းရရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် လျှပ်စစ်မီးများ ဖြည်းဖြည်းခြင်းပြန်လည် ဖြန့်ဝေပေးလျှက်ရှိနေရာ လက်ရှိတွင် မြို့နယ် ၁၀ ၌သာ မီးပြန်လည်ရရှိသည်။ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအတော်များများတွင် လျှပ်စစ်မီးများ ပြတ်တောက်နေခဲ့သော်လည်း အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ ဇဗ္ဗူသီရိမြို့နယ်တွင် မီးပြတ်တောက်ခြင်း မရှိကြောင်း မဇ္ဈိမသတင်းဌါနမှ သိရှိရသည်။







