BEC-TERO TV

အသံချဲ့စက်အကျယ်ကြီးဖွင့်ပြီး ထီရောင်းသူ အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက်ကျခံရ

03 Nov 2016     1,375 Views


နိုဝင်ဘာလ ၂ ရက်နေ့တွင် အများသူငှာအိပ်စက် အနားယူချိန်တွင် အသံချဲ့စက် အကျယ်ကြီးဖွင့်၍ ကားနှင့်လိုက်လံ ထီရောင်းချသူတစ်ဦးကို ပုစွန်တောင်မြို့နယ်တရားရုံးက ပုဒ်မ ၂၂၁/၂၀၁၆ နဲ့ တရားစွဲဆိုခဲ့ပြီး အလုပ်နှင့်ထောင်ဒဏ် (၁၅) ရက်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 
သာကေတ (၂) ရပ်ကွက်တွင် နေထိုင်ပြီး ကားဖြင့် ထီလှည့်လှည်ရောင်းချသူသည် နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် ပုစွန်တောင်မြို့နယ် (၁၀) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် (၅၁)လမ်းထောင့်တွင် အများပြည်သူအနှောက်အယှက်ဖြစ်အောင် အသံချဲ့စက် အကျယ်ကြီးဖွင့်၍ ထီရောင်းချခဲ့ခြင်းဖြစ်ပါသည့် အတွက် ပုစွန်တောင်မြို့နယ်တွင်နေထိုင်သူတစ်ဦးက တရားလိုပြုတိုင်းတန်းခဲ့မှုကြောင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
Credit:ကုမုန္ဒြာ
Photo:သရုပ်ဖော်မျှသာ

03 Nov 2016     1,375 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS