BEC-TERO TV

မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖမ်းမိ

04 Nov 2016     1,427 Views


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်(ရေ)မှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာကြီးချောင်းနှင့် ပြင်ဖြူချောင်းအကြား၌ မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ဟာမစ်(ဘ)ဂေါ်ဘီယာမွတ်၊ အစ္စမိုင်(ဘ)အီစလမ် နှင့် နိုဘိုဆောင်း(ဘ) မာမတ် စီးတီးတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
 
 
ဖမ်းဆီးရမိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
 
Credit:သတင်းစုံ

04 Nov 2016     1,427 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS