BEC-TERO TV

ခြေထောက်ထိသွားလို့ ဆေးရုံတက်နေရတဲ့ မော်ဒယ် Mဆိုင်းလု

04 Nov 2016     1,399 Views


နိုင်ငံကျော် စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ကချင်တိုင်းရင်းသူလေး '' Mဆိုင်းလု '' ထိခိုက်မှုဖြစ်လို့ ဆေးရုံတင်ထားရပါတယ် ။

Style Secret ပြိုင်ပွဲမှာ ဓါတ်ပုံရိုက်ကူးမှု ပြုလုပ်နေရင်း ဖန်ပုံးကွဲ သွားပြီး ဖန်ပုလင်းစတွေ ထိမှန် ခဲ့တာလဲ ဖြစ်ပါတယ်။ သူမကို ရေထည့်ထားတဲ့ ဖန်ပုံးထဲထည့်ပြီး ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ရာမှ ဖန်ပုံးပေါက်ကွဲသွားပြီး ဖန်စတွေက ခန္တာကိုယ်ကို လာစင်ပြီး အကျောတွေပြတ်ရှမိသလို ဖြစ်ပြီး ခန္ဓာ ကိုယ်တွေလည်း ထိခိုက်မှုတွေရှိတာ ကြောင့် လက်ရှိ ပင်လုံဆေးရုံမှာ ကုသမှုခံယူနေရပါတယ် ။

25.10.2016 ရက်နေ့ က ဖြစ်ပွားခဲ့တာ ဖြစ်တဲ့ အတွက် အခု ဆိုတော်တော်လဲ သက်သာနေပါပြီ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ရဲ့ အထူး ဂရုစိုက်မှုကိုလဲ ရရှိတယ်လို့ သိရပါတယ်။

Credit:Wai Linn 


04 Nov 2016     1,399 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment