Billboard ထိပ်တန်းအနုပညာရှင် ၁၀၀ စာရင်းမှာ လေဒီဂါဂါ နံပါတ်တစ်ရောက်လာ
04 Nov 2016 1,550 Views

အယ်လ်ဘမ်သစ် Joanne ဖြန့်ချိပြီးနောက်မှာ လေဒီဂါဂါရဲ့ အောင်မြင်ကျော်ကြားမှုဟာ ပိုပြီးတောက်ပလာခဲ့ရပါတယ်။ Billboard က ရွေးချယ်တဲ့ ထိပ်တန်းအနုပညာရှင် ၁၀၀ စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် နံပါတ်တစ်ကို ရောက်လာပါတယ်။
ယခင်သီတင်းပတ် ထုတ်ပြန်မှုမှာ နံပါတ် ၅၁ နေရာမှာ ရှိနေခဲ့ရာက ယခုသီတင်းပတ်မှာတော့ နံပါတ်တစ်နေရာကို ခုန်တက်လာခဲ့တာပါ။ ယခင်သီတင်းပတ်က နံပါတ်တစ် ဖြစ်ခဲ့တဲ့ twenty one pilots ကတော့ နံပါတ် သုံး နေရာကို ရောက်သွားခဲ့ပြီး ဂါဂါရဲ့အောက်မှာတော့ ကနေဒါအဆိုတော် ဒရိတ်ခ်က နံပါတ် နှစ် နေရာရောက်နေပါတယ်။

Credit:Duwun





