နိုင်ငံခြားသားဆရာတစ်ဦး ၃၉ လမ်းတွင် အသတ်ခံရ
07 Nov 2016 1,558 Views

ရန်ကုန်မြို့ရှိ Horizon International School တွင် စာသင်ကြားနေသူ ဗြိတိသျှဆရာတစ်ဦး ၃၉ လမ်းရှိ နေအိမ်တစ်ခုတွင် အသတ်ခံခဲ့ရကြောင်း နိုင်ဝင်ဘာလ ၆ ရက်နေ့က အာဏာပိုင်များထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ Horizon International School တွင် သူငယ်တန်းမှ အထက်တန်းအထိ စာသင်ပြပေးနေသော အသက် ၄၇ နှစ်အရွယ် ဗြိတိသျှဆရာတစ်ဦးသည် သောကြာနေ့ ညနေပိုင်းက သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် ညဖက်အပြင်ထွက် အရက်သွားသောက်ရန် ထွက်ခဲ့ပြီးနောက် နောက်တစ်နေ့ နံနက်ထိ ပြန်မရောက်လာခဲ့သဖြင့် ဇနီးဖြစ်သူက နောက်တစ်နေ့နံနက်တွင် ခင်ပီန်းသည်နှင့်အတူ ထွက်သွားသော အသက် ၂၅ နှစ်အရွယ် လုပ်ဖော်ကိုင်ဖက်ဆိုသူ၏ ၃၉ လမ်း(ကမ်းနားအပိုင်း)ရှိ နေအိမ်သို့ လိုက်သွားခဲ့ရာ သူမ၏ခင်ပီန်းကို ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများနှင့် သေဆုံးလျှက်ရှိကြောင်း တွေ့ရှိခဲ့ရသဖြင့် ရဲဌါနသို့ သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်သည်။
တရားခံဟု သံသယရှိသူ ၂၅ နှစ်အရွယ် လုပ်ဖော်ကိုင်ဖက်ကိုမူ လိုက်လံရှာဖွေဆဲဖြစ်ပြီး ဖမ်းမမိသေးကြောင်း သတင်းရရှိသည်။
Ref:straitstimes







