BEC-TERO TV

ရန်ကုန်မြို့အတွင်းမှာ ထိုင်ခုံမပါသော သီးသန့်မီနီဘတ်စ်များသာ ပြေးဆွဲရတော့မည်

07 Nov 2016     1,270 Views


ရန်ကုန်မြို့အတွင်း မြို့လည်မှာ ယာဉ်လမ်းကျော ပိတ်ဆို့မှုကျဆင်းစေရန် ဖြေရှင်းမှုတစ်ရပ်အဖြစ် မြို့တွင်း ခြောက်မြို့နယ်တွင် ထိုင်ခုံမပါတဲ့ မီနီဘတ်စ်များသာ သီးသန့် ပြေးဆွဲခွင့်ပြုတော့မည်ဟု အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
 
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော လမ်းမတော်၊ လသာ၊ ပန်ပဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုစွန်တောင်မြို့နယ်များတွင် ယာဉ်ကျောပိတ်ဆို့မှု အများဆုံးဖြစ်သော အနော်ရထာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်း အစရှိသော လမ်းမကြီးများပေါ်တွင် အဆိုပါ ထိုင်ခုံမပါသော မီနီဘတ်စ်များသာ သီးသန့်ပြေးဆွဲခွင့်ရှိမည်ဖြစ်ပြီး အခြားခရီးသည်တင်ယာည်များ ဝင်ရောက်ခွင့် မရှိတော့ကြောင်း သိရှိရပါသည်။
 
Ref:7DayTv

07 Nov 2016     1,270 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS