BEC-TERO TV

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချိန်များ ပြောင်းလဲပြေးဆွဲမည်

09 Nov 2016     1,338 Views


မန္တလေး-မြစ်ကြီးနားသို့ နေ့စဉ် အစုန်အဆန် ပြေးဆွဲပေးနေသော ရထားခရီးစဉ် (၄) ခုကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ အောက်ပါအတိုင်း ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးဘူတာရုံပိုင်ချုပ် ဦးငြိမ်းမောင်ထံမှ သိရှိရသည်။
 
မန္တလေး မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ရထားခရီးစဉ်အချိန်ဇယားသစ်
 
အမှတ်(၃၇) အဆန် - နံနက် ၁၀ နာရီ ၂၀ မိနစ် (ယခင် နံနက် ၁၀ နာရီ)
အမှတ်(၅၅)အဆန် - မွန်းတည့် ၁၂ နာရီ (ယခင် နံနက် ၅ နာရီ ၁၅ မိနစ်)
အမှတ်(၅၇)အဆန် - ညနေ ၄ နာရီ (ယခင် ညနေ ၄ နာရီ)
အမှတ်(၄၁)အဆန် - ညနေ ၆ နာရီ (ယခင် ညနေ ၄ နာရီ ၄၅ မိနစ်)
 
 
အလားတူစွာ မြစ်ကြီးနား-မန္တလေး ရထားခရီးစဉ်အချိန်များကိုလည်း အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်ခဲ့သည်။
 
မြစ်ကြီးနား မှ မန္တလေးသို့ ထွက်ခွာမည့် ရထားခရီးစဉ်အချိန်ဇယားသစ်
 
အမှတ်(၅၆)အစုန် - နံနက် ၄ နာရီ (ယခင် နံနက် ၁၀ နာရီ ၁၅ မိနစ်)
အမှတ်(၃၈)အစုန် - နံနက် ၅ နာရီ ၃၀ မိနစ် (ယခင် နံနက် ၉ နာရီ ၄၅ မိနစ်)
အမှတ်(၄၂)အစုန် - နံနက် ၉ နာရီ ၃၀ မိနစ် (ယခင် နံနက် ၈ နာရီ ၁၅ မိနစ်)
အမှတ်(၅၈)အစုန် - မွန်းလွဲ ၁ နာရီ (ယခင် ညနေ ၃ နာရီ ၂၅ မိနစ်)
 
ရထားခရီးစဉ်အချိန်များ ပြောင်းလဲရခြင်းမှာ ရထားလမ်းပိုင်း အခြေနေများ ကောင်းမွန်လာခြင်းကြောင့်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် လမ်းဘူတာများကို ပုံမှန်အတိုင်း ရပ်နားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
Ref:NewsWatch
 

09 Nov 2016     1,338 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS