အမေရိကန်သမ္မတ ရွေးကောက်ပွဲကြောင့် စတော့ရှယ်ယာဈေး သိသိသာသာကျဆင်း
09 Nov 2016 1,619 Views

လက်ရှိတွင် အမေရိကန်သမ္မတနေရာ အသစ်အတွက် ရွေးကောက်ပွဲ ပြုလုပ်နေမှုကြောင့် အာရှစတော့ရှယ်ယာ ဈေးကွက် အနည်းငယ်ကျဆင်းနေကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံ စတော့ဈေးကွက် အဖွင့်မှာ ၃.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဩစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ ရှန်ဟိုင်း နဲ့ တောင်ကိုရီးယား နိုင်ငံ တွေမှာလည်း စတော့ ရှယ်ယာ ဈေးနှုန်း တွေ ကျဆင်း ခဲ့ပါတယ်။
လောလောဆယ်မှာ ဒေါ်နယ် ထရမ့်က ဟီလာရီ ကလင်တန် ထက်ကို ကျော်ပြီး ၂၄၄ မဲ နဲ့ ဦးဆောင်နေပြီး ဟီလာရီ ကလင်တန် ကတော့ ၂၀၉ မဲ ပဲ ရရှိထားပါတယ်။ ကိုယ်စားလှယ်မဲ စုစုပေါင်း ၂၇၀ ရရှိရင် အမေရိကန်သမ္မတအဖြစ် ကြေညာနိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ် ၅၀ ထဲက ၄၀ ပြည်နယ် ကို ကြေညာ ခဲ့ပြီးချိန်ရဲ့ ရလာဒ်ဖြစ်ပါတယ်။
Credit:BBC






