BEC-TERO TV

ဆိုသွမ်းအပြုမှုများ ဖြစ်ပေါ်ခဲ့ပါက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ပိတ်ပင်ခံရမည်ဟု အာရှဘောလုံးအဖွဲ့ချုပ် သတိပေး

10 Nov 2016     1,568 Views


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် လုံခြုံရေးအစီအစဉ်များနှင့်ပတ်သက်သော အစီအစဉ်များကို အာရှဘောလုံး အဖွဲ့ချုပ်ထံ တင်ပြထားကြောင်း သိရသည်။
 
အာရှဘောလုံးအဖွဲ့ချုပ်က၂ဝ၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လုံခြုံအရေး အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ မေးမြန်းထားခြင်းဖြစ်ပြီး အဆိုပါ မေးမြန်းခဲ့မှုအပေါ် ယခုလ ဒုတိယအပတ်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြန်လည်တင်ပြခဲ့ခြင်းဖြစ်သည်။ 
အာရှဘောလုံးအဖွဲ့ချုပ်ကပို့ လိုက်တဲ့စာထဲမှာ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေ၊ သတိပေးချက်တွေ ပါလာပါတယ်။ အခုပြိုင်ပွဲမှာ အရင်ကလိုထပ်ဖြစ်လို့မရတော့ပါဘူး။ ထပ်မံပေါ်ပေါက်မယ်ဆိုရင် နောင်ကျင်းပမယ့်ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ပိတ်ပင်ခံရမှာပါ
ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက ပြောသည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာပရိသတ် အချို့၏ ဆိုးသွမ်းသော အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့၏ အရေးယူမှုများကို ခံခဲ့ရဖူးသည်။
 
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပရိသတ်များကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့၏ အရေးယူမှုအများဆုံးခံရသည့် ဘောလုံးအဖွဲ့ချုပ်ဖြစ်ကြောင်း သိရသည်။
 
Credit:ရတနာပုံသတင်းစာ

10 Nov 2016     1,568 Views




RELATED

Most Popular of Football

Most Popular of NEWS