“ထရမ့်မုန်းသူတွေကို ချစ်တယ်”လို့ ဆန္ဒပြခဲ့တဲ့ လေဒီဂါဂါ
10 Nov 2016 1,572 Views

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရလာဒ်အဖြေ ထွက်ပြီးပြီးခြင်းမှာ အဆိုတော် လေဒီဂါဂါ တစ်ယောက် “ထရမ့်တာဝါ” ရှေ့ကို ချက်ခြင်းသွားပြီး ဆန္ဒပြခဲ့ပါတယ်။
.jpg)
အဆိုတော် လေဒီဂါဂါဟာ ဟီလာရီကလင်တန်ကို ထောက်ခံအားပေးသူဖြစ်ပြီး ဟီလာရီရဲ့ မဲဆွယ်ပွဲတစ်ခုမှာတောင် ဝင်ရောက်အားပေးဖျော်ဖြေခဲ့သူပါ။ ဒါ့အပြင် သူမရဲ့ တွစ်တာအကောင့်အမည်ကို “#VoteHillary” လို့ ပြောင်းပြီး လူမှုကွန်ယက်ပေါ်ကနေ ဟီလာရီကို မဲပေးကြဖို့ တက်တက်ကြွကြွ အားပေးလှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။
.jpg)
ဆန္ဒမဲရလာဒ် ထွက်လာအပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ “ထရမ့်တာဝါ” ရှေ့ကို ချက်ခြင်းသွားပြီး “ထရမ့်မုန်းသူတွေကို ချစ်တယ်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ပြားကိုင်ပြီး ဆန္ဒပြခဲ့ပါတယ်။
သူမရဲ့ တွစ်တာအကောင့်အမည်ကိုလည်း “#Country OfKindness” လို့ ပြောင်းလဲခဲ့ပါတယ်။







