BEC-TERO TV

ကိုရီးယားဇာတ်လမ်းတွဲ ၁၈ နာရီ ဆက်တိုက်ကြည့်မိသူ အမြင်အာရုံချို့ယွင်းသွား

10 Nov 2016     1,713 Views


အသက် ၂၀ နှစ်အရွယ် တရုပ်အမျိုးသမီးတစ်ဦးသည် ဇာတ်လမ်းပိုင်း တစ်ခုကို ၁ နာရီ ကြာမြင့်သည့် ကိုရီးယားဇာတ်လမ်းတွဲ (၁၈)ပိုင်းကို မိုဘိုင်းတက်ဘလပ် ဆက်တိုက်ကြည့်ရှုပြီးနောက် မျက်စိအမြင်အာရုံ အကြီးအကျယ် ထိခိုက်သွားခဲ့သည်။
 
သူမသည် အစားအသောက် စားချိန်ခဏမှလွဲ၍ မျက်လုံးကို လုံးဝ အနားမပေးပဲ အမှောင်ထဲမှာ မိုဘိုင်းတက်ဘလပ်နဲ့ ၁၈ နာရီကြာ ကြည့်ရှုခဲ့တဲ့အတွက် စူးရှတဲ့အလင်းရောင်ကြောင့် မျက်လုံးကြွက်သားများ အပြင်းအထန် ဒဏ်ပိကာ နောက်တစ်နေ့ အိပ်ယာနိုးတဲ့အချိန်မှာ မျက်စိအလွန်းအမင်း နာကျင်မှုနဲ့အတူ မူးဝေအော့အန်လိုခြင်း ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး မျက်စိကျွမ်းကျင် ပါရဂူများနဲ့ ပြသခဲ့ရပါတယ်။
 
ဆရာဝန်နှင့် ပြသခဲ့ပြီးနောက်မှာတော့ မျက်လုံးကြွက်သားများကို အပြင်အထန် အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆက်တိုက် မနားတမ်း တက်ပလပ်ကို အနီးကပ်ကြည့်သည့်အတွက်  စူးရှအလင်းဒဏ်ကြောင့် အတွင်းရေတိမ် ဖြစ်နိုင်မည့် လက္ခဏာများကို စမ်းသပ်တွေ့ရှိခဲ့ရသည်။ အဆိုပါအခြေအနေများသည် လူတစ်ယောက်ကို မျက်စိ လုံးဝကွယ်သွားစေနိုင်သော အနေအထားဖြစ်သည့်အတွက် ကုသမှုခံယူခဲ့ရသည်။
 
တိုဟိုတက္ကသိုလ်ရဲ့ လတ်တလော သုတေသနတွေ့ရှိချက်များအရ ကွန်ပျူတာ စခရင်မျက်နှာပြင်ကို တစ်နေ့မှာ ၉ နာရီကျော်ကြာ စိုက်ကြည့်ရသူတွေဟာ သာမန်လူတွေထက် ရေတိမ်ဖြစ်ဖို့ အလားအလာ နှစ်ဆပိုတယ်လို့ သိရှိရပါတယ်။
 
Photo:သရုပ်ဖော်မျှသာ

10 Nov 2016     1,713 Views




RELATED

Most Popular of Special or Others

Most Popular of Life Style