BEC-TERO TV

မန္တလေးဘူတာကြီးရှေ့ အဝိုင်းအား ဖျက်သိမ်းပြီး အဆင့်မြင့် ဆင်ဆာမီးပွိုင့် တပ်ဆင်မည်

11 Nov 2016     1,271 Views


မန္တလေးဘူတာကြီးရှေ့တွင် ယာဉ်ကြောသွားလာမှုရှင်းလင်းရန်နှင့် ယာဉ်တိုက်မှု လျော့နည်းသွားရန် လက်ရှိ ဘူတာအဝိုင်းပတ်ကို နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းမှစတင်ဖျက်သိမ်းပြီး အဆင့်မြင့် ဆင်ဆာမီးပွိုင့်ကို မတ်လတွင် အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာ အဆောက်အအုံနှင့် ကုန်ရုံဌာန အင်ဂျင်နီယာဌာနစုမှူး ဦးအုန်းကျော်က ပြောသည်။
 
အဝိုင်းပတ်စည်းကမ်းကို လူတွေက နားမလည်ပဲသွားကြတော့ ယာဉ်တိုက်မှုတွေ မကြာမကြာဖြစ်ပေါ်နေတာရယ်၊ အရေးပေါ်မီးသတ်ကားတွေလာတဲ့အခါ အဲဒီနားမှာ အရှိန်လျှော့ရတယ်။ ယာဉ်တိုက်မှုနည်းသွားဖို့ ယာဉ်ကြောရှင်းလင်းဖို့ ဖျက်သိမ်းလိုက်တာပါ” ဟု ပြောသည်။
 
အဝိုင်းပတ်ကို ဖျက်သိမ်းရန် အချိန် ၂ ပတ်ကြာမည်ဖြစ်၍ ဖျက်သိမ်းပြီးလျှင် လမ်းခင်းသည့်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကာ ရိုးရိုးမီးပွိုင့် ၁ ခု အစားထိုး တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့် မတ်လတွင် အဆင့်မြင့် ဆင်ဆာမီးပွိုင့် အပြီးတပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
 
အဝိုင်းပျောက်သွားပြီး မီးပွိုင့်ရောက်လာတဲ့အခါ ယာဉ်သွားလာမှု အချိန်သက်သာပြီး ယာဉ်ကြောရှိတဲ့ဘက်ကို အချိန်ပိုပေးတဲ့စနစ်နဲ့ဆိုတော့ အရင်ထက် ပိုကောင်းမယ်”ဟု ဦးအုန်းကျော်က ဆက်လက်ပြောကြားခဲ့သည်။
 
Credit:NewsWatch
 

11 Nov 2016     1,271 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS