BEC-TERO TV

ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံရာတွင် ကုန်တင်အမြန်ရေယာဉ်တစ်စီး တိမ်းမှောက်

11 Nov 2016     1,251 Views


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံရာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကုန်တင် အမြန်ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့သည်။ 
 
မုံရွာ-နမ့်တော-ဆယ်ဇင်းသို့ တိုက်ရိုက်ပြေးဆွဲနေသည့် “လင်းလင်းအောင်” ကုန်တင်ရေယာဉ်သည် ဆီပေပါနှင့် သံပိုက်လုံးများတင်ဆောင်လာခဲ့ပြီး ဥရုချောင်းနှင့် ချင်းတွင်းမြစ်နှင့် ဆုံရာနေရာတွင် ဥရုချောင်း၏ ရေစီးသန်မှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ စက်လှေတိမ်းမှောက်မှုကြောင့် လူအသေအပျောက် မရှိခဲ့သော်လည်း သယ်ဆောင်လာသည့် ဆီပေပါများ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် မျောပါခဲ့သည့်အတွက် လိုက်လံဆယ်ယူလျှက်ရှိကြောင်း သတင်းရရှိသည်။
 
Credit:မြစ်မခမီဒီယာ
 

11 Nov 2016     1,251 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS