BEC-TERO TV

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ထိုင်းနိုင်ငံ ရုပ်မြင်သံကြား Channel 3 နှင့် BEC-Tero Radio ဌာနကို သွားရောက် လေ့လာ

14 Nov 2016     1,344 Views


နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီမှာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် အဖွဲ့တို့သည် ထိုင်းနိုင်ငံ ရုပ်မြင်သံကြား Channel 3 ရုံးချုပ်ကို လေ့လာရန်ရောက်ရှိခဲ့ပါတယ်။ Channel 3 မှ တာဝန်ရှိသူ Mr. Surin Krittayaphongphun, Mr. Brian L. Marcar, Mr. Tospol Maleenont, Mr. Pramote Wutthisarn, Mr. Borisut Buranasamrit, Mr. Supol Wichienchai, Mr. Pongpunt Wongnongteoi, Mr. Chate Mangkalodom Mr. Paul Manusthaworn and Mr. Chokchai Iam Ritt တို့က ကြိုဆိုခဲ့ပါတယ်။လေ့လာရေး ခရီးစဉ်အတွင်း Channel 3 မှာ အသုံးပြုသော ခေတ်မှီနည်းညာ စက်ပစ္စည်းများ နှင့် စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာများကို လေ့လာ ကြည့်ရှု့ခဲ့ပါတယ်။
 
 
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် အဖွဲ့တို့သည် Teera Tanyapaibul နှင့် Praweenamai Baicloy တို့ ဦးစီးတင်ပြတဲ့ Channel 3 ရုပ်မြင်သံကြား အစီအစဉ်တစ်ခုဖြစ်တဲ့ “Rueng Den Yen Nee” ထုပ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာတွေကို Channel 3 က တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ပါတယ်။
 
ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် အဖွဲ့တို့သည် BEC Tero ရေဒီယို ဌာန မှာရှိတဲ့ Eazy FM 105.5, Virgin Hitz 95.5, and online radio stations RAD Radio, Rock on Radio, and Tofupop Radio ရေဒီယို studio အသီးသီးတို့ကို ရေဒီယို ဌာန ဒါရိုက်တာ Lawan Damon Chumsai Na Ayudhya  နှင့် DJ များက နွေးထွေးစွာကြိုဆိုပြီး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

14 Nov 2016     1,344 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS