BEC-TERO TV

တောင်ကြီးမြို့တွင် မီးပူဇော်ပြိုင်ပွဲ ရိုးရာမပျက်ကျင်းပ

15 Nov 2016     1,827 Views


တောင်ကြီးမြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပြုလုပ်လေ့ရှိသော မီးပဒေသာလှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) ညပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 
 
 
တောင်ကြီးမြို့ရှိ အေးသာယာရပ်ကွက်အပါအဝင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်စုပေါင်းပြီး ရပ်ကွပ် လေးခု၊ ငါးခုလျှင်တစ်ဖွဲ့နှုန်းနှင့် စုပေါင်းကာ ပြိုင်ပွဲဝင်အဖွဲ့ (၆)ဖွဲ့ ပါဝင်လှည့်လည် ပြသမီးပူဇော်ခဲ့ကြသည်။
 
 
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှ စတင်ထွက်ခွာလာပြီး၊ စူဠာမုနိ ဘုရားပေါ်သို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက် လမ်းလျှောက်ကာ မီးပဒေသာပင်များကို ကိုင်ဆောင်ပြီး တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှု ပုံစံများဖြင့် မီးပဒေသာ လှည့်လည်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။
 
 
အဆိုပါ မီးပူဇော်ပွဲတွင် လူပေါင်း တစ်ထောင်ကျော် ပူးပေါင်းပါဝငခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆု တို့ကို နိုဝင်ဘာ ၁၅ ရက်တွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
 
Ref:7Day
 

15 Nov 2016     1,827 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS