BEC-TERO TV

မြန်မာပရိသတ်ကို စည်းကမ်းတကျ အားပေးစေချင်တယ်ဆိုတဲ့ လက်ရွေးစင်ဟောင်း သန်းသန်းထွေး

15 Nov 2016     1,723 Views


၂၀၁၆ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲနှင့် ပက်သက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးဘောလုံးလက်ရွေးစင် အားကစားသမားဟောင်းတစ်ဦးဖြစ်သူ သန်းသန်းထွေးက မြန်မာအသင်းအနေနဲ့ ဗီယန်နမ်၊ မလေးရှားအသင်းများ ခြေခြင်းသိပ်မကွာလှသော်လည်း အုပ်စုတက်နိုင်ဖို့ဆိုရင် အတော်လေး ကြိုးစားရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 
မြန်မာပရိသတ်များ၏ အနိုင်ရလိုသော ခံစားချက်ကို ဖြည့်ဆည်းနိုင်ရန် ကစားသမားများအနေနဲ့ နှစ်ဆ သုံးဆ ပိုမိုကြိုးစား အားထုတ်ဖို့ လိုအပ်ပြီး၊ ပရိသတ်များအနေနဲ့လည်း စည်းကမ်းရှိရှိ၊ အဆင့်အတန်း မြင့်မြင့်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ယခင်ပွဲများကဲ့သို့ ပရိသတ်က စည်းကမ်းမဲ့ပါက အိမ်ရှင်အဖြစ် ကျင်းပခွင့်ပိတ်၍ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အသိပေးထားပြီးဖြစ်သည်။
 
၂၀၁၆ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နိုင်ဝင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ စတင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာအသင်း၏ အုပ်စုဖက်တွင် မလေးရှား၊ ဗီယန်နမ်၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်ပြီး နိုင်ဝင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် ဗီယန်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 
 
Video:မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
 

15 Nov 2016     1,723 Views




RELATED

Most Popular of Football

Most Popular of NEWS