BEC-TERO TV

စင်ကာပူရောက် မြန်မာအိမ်အကူအမျိုးသမီးတစ်ဦး အဓ္ဓမသားမယား ပြုကျင့်ခံရ

15 Nov 2016     2,122 Views


မြန်မာ အိမ်အကူ အမျိုးသမီးတစ်ဦးကို  ၆ နာရီအတွင်း နှစ်ကြိမ် အဓ္ဓမသားမယားပြုကျင့်ခဲ့သည့် အသက် ၄၅ နှစ်အရွယ် အိမ်ရှင် အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့က ထောင်ဒဏ် ၁၃ နှစ်နှင့် ကြိမ်ဒဏ် အချက် (၂၀) ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း စင်ကာပူ သတင်းစားများတွင် ဖော်ပြခဲ့သည်။
 
စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ မလေးရှားနိုင်ငံသား ၊ အရက်လိုက်လံဖြန့်ဖြူးသော အလုပ် လုပ်ကိုင်သူသည် ဇနီးနှင့် သားသမီးနှစ်ယောက် ဟောင်ကောင်သို့ အပန်းဖြေခရီးထွက်နေစဉ် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ည ၂ နာရီ ၄၀ မိနစ်အချိန်တွင် သူငယ်ချင်းများနှင့် အရက်သောက်ရာမှ အိမ်ပြန်ရောက်လာပြီး အိမ်အကူမိန်းကလေးကို သူ၏အိပ်ခန်းအတွင်း အတင်းဆွဲသွင်းကာ ပထမအကြိမ် သားမယားပြုကျင့်ခဲ့သည်။ နံနက် ၇ နာရီတွင် ပြန်နိုးလာခဲ့ပြီး မီးဖိုဆောင်ထဲတွင် အဝတ်လျှော်နေသော အိမ်အကူကို ဒုတိယအကြိမ် ထပ်မံ၍ အိပ်ခန်းတွင်းသို့ ဆွဲခေါ်ကာ သားမယားပြုကျင့်ခဲ့သည်။ 
 
ပြစ်မှုကျူးလွန်သူက အိမ်အကူမိန်းကလေးနှင့် နှစ်ဦးသဘောတူ ဖြစ်ခဲ့ကြသည်ဟု ဆိုကာ အပြစ်မရှိကြောင်းလျှောက်ထားခဲ့သည်။ ၇ ရက်ကြာမျှ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အိမ်အကူအမျိုးသမီး၏ သဘောဆန္ဒမပါကြောင်း ရုံးတော်က သိရှိသွားခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
တရားခံသည် လတ်တလောတွင် ဇနီးဖြစ်သူ၏ ကွားရှင်းထားခြင်းခံရသည်။
 
အဆိုပါ အမှုဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အိမ်အကူမိန်းကလေးက အကြောင်းတစုံတစ်ခုကြောင့် ချက်ချင်း ရဲမတိုင်ကြားခဲ့ပဲ နောက်ပိုင်းတွင် အိမ်အကူအမျိုးသမီး၏ ချစ်သူကောင်လေးမှ အမူအယာပျက်နေသည်ကို သတိထားမိပြီး မေးမြန်ရာမှ သိရှိသွားကာ ရဲတိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူမြန်မာအသိုင်းအဝိုင်းမှ သိရှိရသည်။
 
Ref:Straits Times

15 Nov 2016     2,122 Views




RELATED

Most Popular of International News

Most Popular of NEWS