BEC-TERO TV

အရောင်းစံချိန်မပြည့်လို့ ဝန်ထမ်းတွေကို တီကောင်တွေစားခိုင်းပြီး အပြစ်ပေးတဲ့ ကုမ္ပဏီ

15 Nov 2016     1,620 Views


တရုပ်နိုင်ငံ ဟန်းကျုံးမှာရှိတဲ့ အရောင်းကုမ္ပဏီတစ်ခုက အရောင်းစံချိန် ပြည့်မီအောင် မရောင်းချနိုင်တဲ့ သူ့ရဲ့ဝန်ထမ်တွေကို တီကောင်၊ ပိုးကောင်တွေကို အရက်ပြင်းနဲ့ မျှောချခိုင်းပြီး အပြစ်ပေးခဲ့ပါတယ်။ 
ဟန်ကျုံးမြို့ထဲက ပလာဇာတစ်ခုမှာ လူငယ်ဝန်ထမ်း အယောက် (၆၀) လောက် တွေ့ဆုံခဲ့ကြပါတယ်၊ မျက်မြင်သက်သေများ၏ ပြောပြချက်အရ အဆိုပါအဖွဲ့နားကို တီကောင်၊ပိုးကောင်၊ တူ၊ ပုဂံလုံးတွေ ထည့်ထားတဲ့ အိတ်တစ်အိပ်နဲ့အတူ အပေါစား တရုပ်အရက်ပြင်း ပုလင်းအချို့ကို အလုပ်ရှင် ဖြစ်ဟန်တူသူတစ်ယောက်က သယ်လာပါတယ်။
 
အဲသည်နောက် အပြစ်ပေးတဲ့အနေနဲ့ တီကောင်၊ ပိုးလောက်လန်းတွေကို တူနဲ့စားခိုင်းပြီး အရက်နဲ့ မျှောချဖို့ ခိုင်းစေခဲ့ပါတယ်။ အဲသည်လို ပြစ်ဒဏ်ပေးတာကို ဝန်ထမ်း ၅ ယောက် ၆ ယောက်လောက်က လက်ခံခဲ့ပေမယ့် ကိုယ်ဝန်ဆောင် ဝန်ထမ်းတစ်ဦးကတော့ ဗိုက်ထဲက သူမရဲ့ကလေးကို ထိခိုက်မှာ စိုးတဲ့အတွက် လက်မခံခဲ့ပါဘူး။ အလုပ်ရှင်ဖြစ်သူရဲ့ သဘောအရ သူတို့လက်လွှတ်လိုက်ရတဲ့ စာသုံးသူတစ်ယောက်ခြင်းစီအတွက် တီကောင် လေးကောင် စားရတာဟာ ထုံစံဖြစ်တယ်လို့ဆိုပါတယ်၊ ဒါ့အပြင် ရေဘဝဲအရှင်လတ်လတ်စားရတာမျိုး၊ ပုရွတ်ဆိတ် အရှင်ကိုစားရတာမျိုးတွေ လုပ်ရတတ်ပါတယ်။ အလုပ်ရှင်တစ်ဦးဖြစ်သူ “ချောင်”က အပြစ်ပေးတာကို လက်ခံတဲ့ အလုပ်သမားတွေဟာ ရောင်းအားမြင့်လာအောင် စွမ်းဆောင်မယ်ဆိုတဲ့ စိတ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
 
တရုပ်ပြည်ရဲ့ အလုပ်သမားဥပဒေမှာ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာတွေအတွက် အလုပ်ရှင်က ပေးလျော်ရန်တာဝန်ရှိတယ်လို့ ဖော်ပြထားပေမယ့် ယခုလို မူမမှန်တဲ့ အပြစ်ပေးမှုတွေဟာ မကြာခဏ ရှိနေတတ်ပါတယ်။
အလုပ်ပြီးမြောက်မှု နည်းပါတဲ့ ဝန်ထမ်းတွေကို လေးဖက်ထောက်သွားခိုင်းတာ၊ ကြက်ဟင်းခါးသီး အလုံးလိုက်မျိုချခိုင်းတာတွေအပြင် တင်ပါးကိုရိုက်တာမျိုးတွေ စတဲ့ ပြစ်ဒဏ်တွေ အရင်က လုပ်ခဲ့ဖူးကြပါတယ်။ ဒါကြောင့်မို့ ငွေကြေးအတွက်နဲ့ လူပုံအလယ်မှာ အရှက်ရစေတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တစ်ခုကတော့ လွယ်လွယ်နဲ့ မေ့ပျောက်နိုင်ကြလိမ့်မည် မဟုတ်ပါဘူး။  
 

15 Nov 2016     1,620 Views




RELATED

Most Popular of Special or Others

Most Popular of NEWS