BEC-TERO TV

ကဲ့ရဲ့ခံခဲ့ရတဲ့ မျက်ခုံးမွှေးထူထူကြောင့် ထိပ်တန်းမော်ဒယ်အေဂျင်စီတစ်ခုက စာချုပ်ခဲ့သူလေး

15 Nov 2016     1,592 Views


အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် မိန်းကလေးက သူမရဲ့ ထင်ရှားလွန်တဲ့ မျက်ခုံးမွှေး အထူကြီးတွေကြောင့် အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီမျက်ခုံးမွှေး ထူထူကြီးတွေကြောင့်ပဲ ထိပ်တန်းမော်ဒယ် အေဂျင်စီတစ်ခုက သူမကို မော်ဒယ်လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါပြီ။
 
 
“နာတာလီယာ ကတ်စတဲလာ” ဆိုတဲ့ မိန်းကလေးဟာ အသက် ၁၇ နှစ်သာရှိသေးပြီး သူမရဲ့ မျက်ခုံးမွှေးထူထူကြီးတွေကြောင့် NEXT မော်ဒယ်အေဂျင်စီက မော်ဒယ်လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ သူမဟာ အဆိုပါမျက်ခုံးမွှေးတွေကြောင့် မကြာခဏ အနိုင်ကျင့် လှောင်ပြောင်ခံရတာကြောင့် ရိတ်ပစ်ချင်လောက်အောင် စိတ်ညစ်ခဲ့ရကြောင်း သူမရဲ့ ငယ်ဘဝကို ပြန်ပြောပြခဲ့ပါတယ်။
 
 
 
လတ်တလောသူမရဲ့ အင်စတာဂရန်မှာလည်း အမြင်ကတ်သူတွေက မှတ်ချက်ဆိုးတွေ ပေးနေဆဲဖြစ်ပေမယ့် ဒါတွေကို ဂရုမထားပဲ ဘယ်သူ့မှာမှမရှိတဲ့ မျက်ခုံးတွေဟာ သူမရဲ့ ကိုယ်ပိုင်တံဆိပ်တစ်ခု သဖွယ် ဖြစ်နေတာကြောင့် ဂုဏ်ယူစွာနဲ့ပဲ ကိုယ့်ဘဝအတွက် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
 

15 Nov 2016     1,592 Views




RELATED

Most Popular of Special or Others

Most Popular of NEWS