BEC-TERO TV

ကာမစိတ်ကြွစေဖို့ လက်ထပ်လပ်စွပ်ကို လိင်တံမှာစွပ်ပြီးမှ ပြန်ချွတ်မရတော့သူ အရေးပေါ်ခွဲစိတ်ခဲ့ရ

16 Nov 2016     1,584 Views


အမျိုးသားတစ်ဦးဟာ ကာမစိတ်ကို နှိုးဆွနိုင်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက မြှောက်ပေးခဲ့တာကြောင့် လက်ထပ်လက်စွပ်ကို သူ့ရဲ့ လိင်အင်္ဂါမှာ စွပ်ကြည့်ပြီး ပြန်ချွတ်လို့မရတော့တဲ့အတွက် မိခင်ဖြစ်သူက အရေးပေါ်ဆေးရုံတင်ပေးခဲ့ရပါတယ်။
 
အမည်မဖော်လိုသူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ လိင်တံမှာ လက်စွပ်ငယ်လေး စွပ်ပြီး ချွတ်လို့မရတော့ပဲ သွေးတွေယိုစီးထွက်လာပါတယ်။ သူဟာ သူငယ်ချင်းတွေပေးတဲ့ အကြံအစည်ကြောင့် ယခုလို လုပ်ခဲ့ရာမှာ ၄ နာရီခန့်ကြာ စွပ်မိနေပြီး ပြန်ချွတ်၍ မရတော့ပဲ လိင်တံဟာ လက်စွပ်ငယ်၏ ဖျစ်ညှစ်ခံထားရမှု့ကြောင့် ရောင်ယမ်းပြီး သွေးတွေစီးထွက်လာကာ ထိပ်ဖျားပိုင်းကလည်း ညိုမည်းလာတဲ့အတွက် တောင်အာဖရိကရဲ့ ဆေးရုံတစ်ခုသို့ အရေးပေါ်တင်ခဲ့ရခြင်းဖြစ်ပါတယ်။ 
 
 
ဆေးရုံကိုရောက်တဲ့အခါမှာ ဆရာဝန်တွေက လက်စွပ်ကို ချွတ်ဖို့ ခွဲစိတ်ခန်းသုံး လွှသေးနဲ့ တိုက်ဖျက်ဖို့အပါအဝင် အခြားနည်းလမ်း သုံးလေးမျိုးစဉ်းစားခဲ့ပေမယ့် လိင်တံဟာ အလွန်ဖူးရောင်နေတဲ့အတွက် အဆင်မပြေဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖူးရောင်နေတဲ့ နေရာက သွေးတွေကို ဖောက်ထုတ်တဲ့နည်းလမ်းကို အသုံးပြုပြီး လက်စွပ်ကို ပြန်ချွတ်နိုင်ခဲ့ပါတယ်။
 
လူနာကို ပဋိဇိဝပိုးသတ်ဆေးနဲ့ ရောဂါပိုးမဝင်အောင် ကုသခဲ့ပြီး ဆေးရုံ သုံးရက်တက်ပြီးတဲ့နောက် ပြန်လည် ကျန်းမာလာခဲ့ပါတယ်။ အဆိုပါ အမျိုးသား၏ ဇနီးသည်ဖြစ်သူက လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က သူတက်ရောက်ခဲ့သော ဆေးရုံမှာပင် ကလေးမီးဖွားခဲ့သူလည်းဖြစ်ပါတယ်။ အမျိုးသာဟာ ကာမစိတ်ကြွလိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ထပ်လက်စွပ်ကို သူ့ရဲ့ လိင်တံမှာ စွပ်ခဲ့တာကြောင့် ယခုကဲ့သို့ မဖွယ်မရာတွေ ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။ 
 

16 Nov 2016     1,584 Views




RELATED

Most Popular of Special or Others

Most Popular of NEWS