BEC-TERO TV

ရဲကားကို သေနတ်နဲ့ပစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ဆယ်ကျော်သက်စုံတွဲ အွန်လိုင်း တွင်ရုပ်သံလွှင့်ပြခဲ့

16 Nov 2016     1,236 Views


ကျောင်းသားအရွယ်ကလေးနှစ်ဦး ရဲကားကို သေနတ်နှင့် ပစ်ခတ်တာကို လူမှုကွန်ယက်မှာ တိုက်ရိုက်ရုပ်သံလွှင့်ပြခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို သေနတ်နှင့် အဆုံးစီရင်သွားခဲ့ကြပါတယ်။
 
အသက် ၁၅ နှစ်အရွယ် ရုရှားကျောင်းသား စုံတွဲနှစ်ဦးကို သေနတ်ဒဏ်ရာကိုယ်စီနဲ့ ရုရှားအနောက်မြောက်ပိုင်း Pskov ဒေသက နေအိမ်တစ်ခုထဲမှာ သေဆုံးနေတာကို ရဲအဖွဲ့က တွေ့ရှိခဲ့ပါတယ်။ ရဲအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ သေဆုံးနေတဲ့ မိန်းကလေးတစ်ဦးနဲ့ ကောင်လေးတစ်ဦးရဲ့ ခန္ဓာကိုယ်ပေါ်က သေနတ်ဒဏ်ရာတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ကြောင်း ထင်ရှားတာတွေ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
 
ရုရှားနိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားတာကြောင့် ယခုလို အဖြစ်အပျက်မျိုးဟာ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ “ဒနိစ်” နဲ့ “ကတ်ညာ” လို့ အမည်ရတဲ့ ကလေးနှစ်ဦး အခုလိုဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းကို ဏုံစမ်းနေဆဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ မသေဆုံးမီမှာ လူမှုကွန်ယက်အွန်လိုင်းပေါ်တွင် တိုက်ရိုက်ဗီဒီယိုလွှင့်ခဲ့ပြီး၊ အဆိုပါဗီဒီယိုထဲတွင် “ကတ်ညာ” က “ငါ့ရဲ့ပထွေးက အထူးတပ်ကဆိုတော့ အိမ်ထဲမှာ သေတနတ်တွေအများကြီးပဲ” ဟု ပြောခဲ့ပြီး “ဒနိစ်” က ပြတင်းပေါက်ကနေ ရိုင်ဖယ်သေနတ်နဲ့ ရပ်ထားတဲ့ ရဲကားကို ပစ်ပြခဲ့ပါတယ်။
 
သူတို့နဲ့ ဗီဒီယိုအဆုံးပိုင်းမှာတော့ ဆယ်ကျော်သက် နှစ်ဦးဟာ ဆေးလိပ်သောက်နေခဲ့ပြီး အတန်းဖော်သူငယ်ချင်းများရဲ့ စာတွေကို ပြန်ဖြေနေပါတယ်။ သူတို့နှစ်ဦးဟာ မိဘတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တာကြောင့် ဒီအိမ်မှာ သုံးရက်လောက်နေမည်ဟု ပြောခဲ့သလို၊ “ဒနိစ်” က “ကတ်ညာ”အမရဲ့ ခြေထောက်ကိုလည်း ပစ်ခဲ့ကြောင်း အဲဒါကြောင့် အခုနေသူတို့ လက်နက်ချလိုက်ရင် ထောင်ထဲမှာ အကြာကြီးနေရမယ်လို့ ပြောခဲ့ပါတယ်။
 
စုံစမ်းစစ်ဆေးသူတွေက ဆယ်ကျော်သက်တွေ ပျောက်နေလို့ဆိုတဲ့ ဖုန်းကို ရရှိပြီးနောက် အဆိုပါနေအိမ်ကို လာခဲ့ရာမှာ သေနတ်နတ်နဲ့ ပစ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
 

16 Nov 2016     1,236 Views




RELATED

Most Popular of Special or Others

Most Popular of NEWS