BEC-TERO TV

ဆူဇူကီးဖလား ဘောလုံးပွဲစဉ်လက်မှတ်များကို နိုဝင်ဘာ ၁၇ (ယနေ့)မှ စတင်ရောင်းချမည်

17 Nov 2016     1,725 Views


အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်သည့် ၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲကြီးကို လာမည့် နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးပွဲလက်မှတ်များကို နိုဝင်ဘာ ၁၇ (ယနေ့)မှ စတင်ကာ ကြိုတင်လက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်သည်။ 
 
 
** ကြိုတင်လက်မှတ်ဝယ်ယူရာတွင် လိုက်နာရမည့် အချက်များ **
 
- မှတ်ပုံတင်ပါရှိရမည်
- မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် (၂) စုံသာ ဝယ်ယူခွင့်ရှိမည်
 
** ကြိုတင်လက်မှတ်ပုံစံ နှင့် ဈေးနှုန်းများ **
 
၁) တစ်ရက်စာ ပွဲစဉ် (၂) ပွဲကြည့်ရှုနိုင်သော လက်မှတ်တွဲ
 
- အထူးတန်း (၅,၀၀၀/ကျပ်) 
- ရိုးရိုးတန်း (၃,၀၀၀/ကျပ်) 
 
၂) သုံးရက်စာ ပွဲစဉ် (၆) ပွဲကြည့်ရှုနိုင်သော လက်မှတ်တွဲ
 
- အထူးတန်း (၁၅,၀၀၀/ကျပ်)
- ရိုးရိုးတန်း (၉,၀၀၀/ကျပ်)
 
** ကြိုတင်လက်မှတ် စတင်ရောင်းချမည့် ရက်များ **
 
နိုဝင်ဘာလ ၂၀ ရက် မြန်မာ - ဗီယက်နမ်ပွဲစဉ်အတွက် လက်မှတ်များကို (၁၇၊ ၁၈၊ ၁၉ ရက်)
နိုဝင်ဘာလ ၂၃ ရက် မြန်မာ - ကမ္ဘောဒီးယားပွဲစဉ်အတွက် လက်မှတ်များကို (၂၁၊ ၂၂ ရက်)
နိုဝင်ဘာလ ၂၆ ရက် မြန်မာ - မလေးရှားပွဲစဉ်အတွက် လက်မှတ်များကို (၂၄၊ ၂၅ ရက်)
 
မှတ်ချက်။  ။ တစ်ရက်ခြင်းစီ အတွက် လက်မှတ်များကို ပွဲနေ့ မတိုင်မီတွင် ကြိုတင်ရောင်းချမည် ဖြစ်ပြီး တစ်ရက်ချင်းစီ အတွက်သာ ဝယ်ယူနိုင်မည် ဖြစ်သည်။ 
 
 
** ကြိုတင်လက်မှတ် ဝယ်ယူနိုင်မည့်နေရာများ **
 
- မြန်မာပလာဇာ 
- အောင်ဆန်းကွင်း အထူးတန်း ဝင်ပေါက်
- ပဒုမ္မာကွင်း အထူးတန်း ဝင်ပေါက်
- သုဝဏ္ဏကွင်း (အသင်းတိုက် မှတ်တိုင်ဘက်ခြမ်း (ပြွန်လမ်း) ဂိတ်ပေါက်) နှင့် ဝေဇယန္တာလမ်းဘက်ခြမ်း ဝင်ပေါက်)
 

17 Nov 2016     1,725 Views




RELATED

Most Popular of Football

Most Popular of NEWS