မင်းသားအာနိုး နှစ်ယောက်လောက်ကို တစ်ပြိုင်ထဲ ‘မ’ ပြမည့်သူလေး
17 Nov 2016 2,317 Views
ရုရှားသူလေး “ဂျူလီယာဗင်းစ်” ဟာမျက်နှာလေးက ချောမောလှပသလို သူမရဲ့ သန်မာလှတဲ့ ကြွက်သားကြီးတွေကလည်း တော်ရုံတန်ရုံ ယောက်ျားတစ်ယောက် လိုက်လို့မီမှာမဟုတ်ပါဘူး။ အသက် ၁၅ နှစ် အရွယ်ထဲက ကိုယ်ကာယ အားကစား စလုပ်လာခဲ့တဲ့ “ဂျူလီယာ” ရဲ့ အိမ်မက်ကတော့ အလေးမအာကစားသမားတစ်ယောက် ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ယခု အသက် ၂၀ ရှိနေပြီဖြစ်တဲ့ “ဂျူလီယာ” ဟာ သူ့ရဲ့ အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်ခဲ့ပါပြီ၊ ၂၀၁၄ ခုနှစ် မောစကိုမှာကျင်းပတဲ့ အလေးမ ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်ကိုချိုးပြီး အနိုင်ရခဲ့သူလေးဖြစ်ပါတယ်။

“ဂျူလီယာ” က သူ့ကိုယ်သူ “Muscle Barbie” လို့ ချစ်စရာ အမည်လေးပေးထားပေမယ့် တစ်ကယ်တန်းကျတော့ သူမဟာ ကမ္ဘာကျော်ရုပ်ရှင်မင်းသား မောင်စင်္ကြာဝဋာ “အာနိုး” လို နှစ်ယောက်ကို တစ်ပြိုင်ထဲ မ နိုင်သူလေးဖြစ်ပါတယ်။







