ဘန်ကောက်မြို့လည်မှာ ဆံပင်ဖါးရားကြီးနဲ့ “ကားပေါ်မှာပါလာတယ်”
17 Nov 2016 1,637 Views
နာမည်ကြီး ယိုးဒယား သရဲဇာတ်ကား “Shutter” ကို ကြည့်ဖူးကြလိမ့်မည်။ ခြောက်ခြားစရာ အချစ်ဇာတ်လမ်းလေး ဖြစ်ပြီး သေဆုံးသွားတဲ့ ချစ်သူမိန်းကလေးက မကျွတ်လွတ်ပဲ ဓါတ်ပုံဆရာ ချစ်သူကောင်လေးနားမှာ တစ်ဝဲလည်လည်ရှိနေခဲ့သည်။ ဇတ်ကျောတွေနာလို့ ဓါတ်ပုံဆရာလေးက ဆေးကုသခံပေမယ့်လည်း ဝေဒနာက မပျောက်ခဲ့ပါ။ တစ်နေ့မှာတော့ အမှတ်မထင် ကင်မရာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မိရာက ဓါတ်ပုံဖလင်ကို ကူးဆေးကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဂုတ်ပိုးပေါ်မှာ တစ်ချိန်လုံး ခွရက်ထိုင်နေတဲ့… ဒါကရုပ်ရှင်ပါ။
အလွန်ရှုပ်ထွေးလွန်းတဲ့ ဘန်ကောက်မြို့လည် ကားလမ်းမပေါ်မှာ အရှိန်နဲ့ တရိပ်ရိပ်ပြေးလွှားနေတဲ့ တိုရိုတာ Altis ဆလွန်းကား အနီရောင်ရဲ့နောက်ဖုံးပေါ်မှာ ဆံပင်ဖားလျားချပြီး နောက်ပြန်ထိုင်လိုက်နေတဲ့ အမျိုးသမီးကို အခြားကားတစ်စင်းပေါ်က မြင်တွေ့ခဲ့ပါတယ်။ ကားပေါ်က လူတွေဟာ ထိတ်လန့်တကြားဖြစ်ရပြီး၊ လူလား.. နာနာဘာဝလား၊ သူတို့တွေပဲ မြင်နေရတာလား မကွဲပြားတဲ့အတွက် ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။
အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့ပြီး ကြည့်ရှုသူ နှစ်သန်းကျော်ရှိနေခဲ့ပါပြီ။ ပိုပိုလေး ပရိသတ်တွေလည်း ကြည့်ရှုပြီး လူလား… သရဲလား… ဆန်းစစ်ကြည့်ကြပါဦးနော်..။








