BEC-TERO TV

မက်ဇူကာဘက်၏ အကောင့်တိုက်ခိုက်ခံရ

17 Nov 2016     1,425 Views


Facebook အမှုဆောင်အရာရှိချုပ် မက်ဇူကာဘက်၏ Pinterest Account ကို ထိခိုက်အောင်ပြုလုပ်ရာတွင် တာဝန်ရှိကြောင်းဟက်ကာအဖွဲ့ Our Mine ကပြောကြားခဲ့တယ်။အဆိုပါ Account သည် ဇွန်လက တိုက်ခိုက်ခံရဖူးပါတယ်။Our Mine အနေဖြင့် ယခုနှစ်အတွင်း ဒုတိယအကြိမ် မက်ဇူကာဘက် ၏ Account များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပါတယ်။

“စိတ်မပူနဲ့၊ ခင်ဗျား လုံခြုံရေးကို စမ်းသပ်ရုံပါ” ဟု မက်ဇူကာဘက်၏ Pinterest ကိုယ်ရေးအကျဉ်းတွင် ယာယီရေးသားထားခဲ့သည်ကိုသိရပါတယ်။Pinterest Account ကို ထိုးဖောက်ခဲ့ကြောင်းကို Our Mine က CNET သတင်းထောက်သို့ အီးမေးလ် ပေးပို့၍ဆက်သွယ်ခဲ့ပါတယ်။ Our Mine သည် ကုမ္ပဏီအကြီးကဲ၊ သူဌေးကဲ့သို့ ကျော်ကြားထင်ရှားသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် လူသိများပြီး၊ ၄င်းတို့၏ Account များတွင် Our Mine ၏အမည်နှင့် ဆက်သွယ်ရန် လိပ်စာများတင်လေ့ရှိပါတယ်။

Soure : 7day daily


17 Nov 2016     1,425 Views




RELATED

Most Popular of International News

Most Popular of NEWS