ဒုတိယနှစ် ဥပဒေကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး
18 Nov 2016 1,738 Views

ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်နေ ဒုတိယနှစ်ဥပဒေပညာရပ်တက်ရောက်သင်ကြားနေသော ကျောင်းသားတစ်ဦး သည် နိုဝင်ဘာ ၁၆ ရက်၊ ညနေပိုင်းက ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရှိရသည်။
တောင်ငူတက္ကသိုလ်တွင် ဒုတိယနှစ် ဥပဒေအထူးပြုသင်ကြားနေသော အသက်(၂၂)အရွယ် ကျောင်းသား တစ်ဦးသည် ၎င်း၏နေအိမ်အပေါ်ထပ် သစ်သားထုပ်တန်းအား နှစ်ပင်လိမ် နိုင်လွန်ကြိုးဖြင့်ချည်၍ ကြိုးဆွဲချ သေဆုံးနေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ကိုယ်ရေးကိုယ်တာအကြောင်းတွေကြောင့်ဖြစ်တယ်လို့ သူ့မိသားစုကပြောပါတယ်။ သူ့အိမ်အပေါ်ထပ် တက်သွားပြီး တစ်နာရီလောက်အကြာမှာ ကြိုးဆွဲချသေဆုံးနေတာလို့သိရတယ်။ အနီးနားပတ်ဝန်းကျင်က သက်သေတွေကို စစ်ဆေးနေပါတယ်။” ဟု ပဲခူးမြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ရဲထွဋ်က ပြောသည်။
သေဆုံးသူအား ပဲခူးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိ ကာ ပဲခူးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂၀/၂၀၁၆)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Credit:မြစ်မခမီဒီယာ







