BEC-TERO TV

တစ်နှစ်တွင် လေးလသာ ဖူးမျှော်ခွင့်ရနိုင်သော အလောင်းတော် ကဿပ မ ထေရ် စံကျောင်းတော်

18 Nov 2016     1,561 Views


အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်သို့ သွားရောက်ဖူးမျှော်မယ် ဆိုရင် ဖြင့် ဒီဇင်ဘာလမှ မတ်လအထိ တစ်နှစ်တွင် လေးလအတွင်းသာ သွားရောက်နိုင်မှာ ဖြစ်ပါတယ် ။ တောတောင်ထူထပ်သော သဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းတွင် တည်ရှိနေတဲ့ အတွက် ရာသီဥတုကတော့ အေးစိမ့်စိမ့်ဖြစ်နေမှာလဲ ဇြစ်ပါတယ်။ ဖေဖော်ဝါရီလကတော့ သွားရောက်ဖို့ အကောင်းဆုံးလ တစ်လ ဖြစ်ပါတယ် ။

ရန်ကုန်မှတဆင့် မန္တလေး၊ စစ်ကိုင်း၊ မုံရွာရှိ တန်ခိုးကြီးဘုရားများကို ရှေးဦးစွာဖူးမျှော်ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ပိုင်ရွာသို့ သွားရမှာ ဖြစ်ပါတယ်။ ။ ကပိုင်ရွာ ကနေတဆင့် မှန်လုံကားငယ်ဖြင့် ဘေးမဲ့ကြိုးဝိုင်းရှိရာသို့ မြေသားလမ်းအတိုင်း ကားစီးရမှာလဲ ဖြစ်ပါတယ်။ ကပိုင်ရွာမှ စထွက်ပြီဆိုသည်နှင့် ကားဆရာတို့မှ ကားပေါ်မှလမ်းပေါ်သို့ တံတွေးမထွေးချရန်၊ စကားကြမ်းကြမ်းမပြောကြရန် နှင့် ပါးစပ်စည်းကမ်းရှိကြရန် သတိပေးလေ့ ရှိကြပါတယ် ။

ကားလမ်းဆုံးသောအခါ အချို့က ဆင်စီးပြီး တက်ကြသလို အချို့က ခြေကျင်တက်ကြပါတယ်။ သစ်တောကြိုးဝိုင်းမှဆင်များနှင့် ပုဂ္ဂလိကကိုယ်ပိုင်ဆင်များလည်း ပါဝင်ပြီး ခရီးသည်တစ်ဦးလျှင် ၂၀၀၀ကျပ်ပေးရသည်။ လမ်းလျှောက်တက်မယ့် သူတွေ အနေနဲ့ လမ်းမှာ တွေ့တဲ့ ဆင်တွေကို အစာကျွေးရန်အတွက် ရန်ကုန် ကနေ အစာကျွေးရန်အတွက် ငှက်ပျောသီး ၊ ကြံ တွေကို လဲ သယ်လာလို့ ရပါတယ် ။ အစာကျွေးရာမှာလဲ အစာခြေနိုင်စွမ်းမရှိတဲ့ ကျွတ်ကျွတ်အိတ်များ ၊ ပလက်စတစ်စများကို လဲ မပါသွားအောင် အထူး ကရုစိုက်ရမှာလဲ ဖြစ်ပါတယ်။

ခြေကျင် တက်တဲ့ သူတွေ အနေနဲ့ ၄၅မိနစ်မျှ တောင်တက်ပြီးရင် ရှင်သူငယ်ထွက်ပေါက် ၊ အလောင်းတော်ကဿပစံကျောင်းတော်၊ ထို့မှတဆင့် စံကျောင်း၏ အထက်ဘက်ရှိ ကြေးစည်ဆောင်၊ သစ္စာရေတွင်း၊ ကိုးနဝင်းစေတီ ၊ ပြီးနောက် စံကျောင်းတော်၏ ညာဘက်အောက်ချိုင့်ရှိ အလောင်းတော်စံရာ ပတ္တမြားကျောက်လိုဏ်ဂူ တို့ကို သွားရောက်ဖူးမျှော်နိုင်မှာလဲ ဖြစ်ပါတယ် ။ ပတ္တမြားဂူရှိ အလောင်းတော်ကဿပမထေရ်အား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် တတိယမဟာသာဝက ဖြစ်သော အရှင်မဟာကဿပမထေရ် ဟူ၍လည်းကောင်း၊ မြန်မာနိုင်ငံမှ ပုဂံခေတ်တွင် ကျော်ကြားခဲ့သော ပေါင်လောင်ရှင်ကဿပ ဟူ၍လည်းကောင်း ကွဲလွဲနေပါတယ်။

ရှင်သူငယ်ထွက်ပေါက်

အရှင်မဟာကဿပမထေရ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာအနှစ် ၅၀၀၀ ပတ်လုံး သန့်စင်သော သာသာနာ တည်တံ့စေခြင်းအကျိုးငှာ မထေရ်မြတ်မှ ဦးစီးပြီး ပထမသံဂါယနာ တင်ခဲ့တာလဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား၏ အဂ္ဂသာဝကနှစ်ပါးပြီးလျှင် သာသနာတော်ကို ပခုံးလွှဲပြောင်းယူရမည့် တတိယသာဝက ဖြစ်သည်။ အရှင်မဟာကဿပမထေရ်သည် သလ္လာဝတီမြစ် အနောက်ဘက်ရှိ ဝေဘူလ၊ ဝေဘာရ နှင့် သုနန္ဒရ အမည်ရ တောင်သုံးလုံးကြားတွင် ခန္ဓာဝန်ချခဲ့သည်ဟု ကျန်းဂန်တို့တွင်ဆိုထားသည်။ ပေါင်လောင်ရှင်ကဿပမထေရ်သည် ပုဂံခေတ်က ရဟန္တာအဖြစ် ထင်ရှားကျော်ကြားသည်။

ကြေးစည်ဆောင်

ပုဂံကျောက်စာအချို့တွင် ပိဋကတ်စာပေ အထူးကျွမ်းကျင် နှံ့စပ်သူ၊ မင်း မိဖုရား မူးမတ် ပြည်သူတို့ ကိုးကွယ်ခံရသူ၊ တောကျောင်းဂိုင်းကို စတင်တည်ထောင်သူအဖြစ် တွေ့ရှိရသည်။ ပေါင်လောင်ရှင်ကဿပမထေရ်သည် မြင်းမူတောကျောင်း မှ ယောနယ်ဘက်သို့ သာသနာပြုရန်ကြွရာ ပုံတောင်ပုံညာတောင် နှင့် မဟူတောင်တို့ဆုံရာတွင် ပျံလွန်တော်မူခဲ့သည်ဟုလည်း မှတ်သားရပါ သည်။

အလောင်းတော် ကသာပ စံကျောင်း 

တောင်ထပ်ပေါ်မှ စေတီ 

သစ္စာရေတွင်း 

အလောင်းတော် ကသာပ ဧ။် ရုပ်အလောင်းတော်စံရာ ပတ္တမြား ဂူ

Credit:yoyarlay

Photo credit:Chan Myae Ei


18 Nov 2016     1,561 Views




RELATED

Most Popular of Special or Others

Most Popular of Life Style