BEC-TERO TV

လူကုန်ကူးခံရသော မြန်မာနိုင်ငံသား ၆ ဦးကို မလေးရှားရဲအဖွဲ့က ကယ်တင်

18 Nov 2016     1,315 Views


မလေးရှားနိုင်ငံ ပီနန် မြို့ ဘန်ဒါပီရိုင်ဂျာယာနယ်မြေရှိ တိုက်ခန်းတစ်ခုအတွင်း လူကုန် ကူးခံရပြီး ပိတ်လှောင်ခံထားရ သည့် မြန်မာနိုင်ငံသားခြောက်ဦးကို မလေးရှားရဲတပ်ဖွဲ့က ကယ်တင်ခဲ့ကြောင်း သတင်းရရှိသည်။ 
 
အဆိုပါ နယ်မြေရှိ ၁၁ ထပ် အမြင့်ရှိသော တိုက်ခန်းတစ်ခုကို သံသယဖြစ်၍ မလေးရှားရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်တွင် ဝင် ရောက်ရှာဖွေရာ တိုက်ခန်းအတွင်း လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း မြန်မာနိုင်ငံသား ခြောက်ဦးကို မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
 
မြန်မာနိုင်ငံသားများအား ပိတ်လှောင်ထားသည့် တိုက်ခန်းကို မလေးရှားရဲတပ်ဖွဲ့က စောင့်ကြည့်ရာ နိုဝင်ဘာ ၁၇ ရက်တွင် လူကုန်ကူးမှုပြုလုပ်သည့် သံသယရှိသူ မြန်မာနိုင်ငံသားနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ပီနန်မြို့တွင် အလုပ်လုပ်ကိုင်နေသော ကိုအောင်ကို ကိုဝင်းက ပြောကြားသည်။ 
ဒီတိုက်ခန်းကို ဝင်ထွက်နေတဲ့ မြန်မာနှစ်ယောက်ကို ဖမ်းသွားတယ်။ ဒါမျိုးတွေက မလေးရှားမှာ ဖြစ်နေကျပါ။ အောက်လမ်းကနေ တရားမဝင်လာတဲ့သူတွေ ဖြစ်နေကျပဲ” ဟု ပြောပြသည်။
 
လူကုန်ကူးခံရသော မြန်မာနိုင်ငံသား ခြောက်ဦးသည် မလေးရှားနိုင်ငံသို့ တရားမဝင် အောက်လမ်းက လာရောက်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။
 
Credit:7Day
Photo:သရုပ်ဖော်မျှသာ
 

18 Nov 2016     1,315 Views




RELATED

Most Popular of International News

Most Popular of NEWS