ခရီးသည်တင်ယာဉ်ဟောင်းအပ်က အိမ်စီးကား စလစ်လဲပေးသည့်အစီစဉ်စတင်
18 Nov 2016 1,561 Views

၁၉၉၅ မော်ဒယ်အောက်ခရီးသည်တင် ဘတ်စ်ကားများအပ်နှံပါက အိမ်စီးကားစလစ်လဲ ပေးသည့်အစီအစဉ်ကို နိုဝင်ဘာ ၁၇ ရက်ကစတင်လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။ “ခရီးသည်တင်ယာဉ်ကနေ လူစီးကားစလစ်ကို လိုချင်တယ်ဆိုရင်တော့ သူတို့မှာရှိတဲ့ စီအင်န်ဂျီကို ပြန်အပ်ရမယ်။ဘာကြောင့် ဒီလိုလုပ်ရလဲဆိုရင် မကြာခင်မှာ ကားသစ်တွေနဲ့ ပြေးဆွဲမယ့် အများပိုင်စနစ်ကို စမှာဆိုတော့လောင်စာကို စီအင်န်ဂျီသုံးမှဖြစ် မယ့်အတွက် ပြန်အပ်ခိုင်းတာဖြစ်ပါတယ်။
စီအင်န်ဂျီက တခြားထက် ဈေးလည်းသက်သာတယ်၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုလည်း သက်သာတယ်ပါတယ်”ဟု ဒေါက်တာမောင်အောင် ကပြောပါတယ်။အဆိုပါစနစ် ဆောင်ရွက်ရာတွင် ဒိုင်နာယာဉ်များအား ဆောင်ရွက်ခွင့်မပြုသေးဘဲ နောက်ပိုင်းမှသာ ခွင့်ပြုမည်ဖြစ်ပါတယ်။လက်ရှိ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ် အစီးရေ ခုနှစ်ထောင်ကျော်ရှိပြီး ၁၉၉၅ မော်ဒယ်အောက်ယာဉ်များမှာ ၁,၄၀၀ စီးခန့်ရှိပါတယ်။
Soure : 7day daily







