BEC-TERO TV

နတ်ရွာစံသွားသည့် ထိုင်းဘုရင်၏ ရုပ်ပုံသဏ္ဌာန်တိမ်တိုက်

22 Nov 2016     1,780 Views


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ တွင် အသက် ၂၈ နှစ်အရွယ် ဒေသခံတစ် ဦးဖြစ်တဲ့ အိုပေါပွန်ယာဝမ်အမည်ရှိ အမျိုးသားက နတ်ရွာစံသွားခဲ့သည့် ထိုင်း ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက် နှင့်တူသော တိမ်တိုက်ပုံသဏ္ဌာန်ကို မြင် တွေ့ခဲ့သောကြောင့် ဓာတ်ပုံရိုက်ကူထား ခဲ့ပြီးနောက် ပျံ့နှံ့သွားခဲ့ပါတယ် ။  ဓာတ်ပုံထဲတွင် နေထွက်လာသည့် အချိန်၌ တိမ်တိုက်ကြီးတစ်ခုသည် ဘု ရင်မင်းမြတ်၏ပုံသဏ္ဌာန်ရှိသည်ဟု ထင် မှတ်မိခဲ့သောကြောင့် ဓာတ်ပုံရိုက်ကူး ထားခဲ့ခြင်းဖြစ်သည်ဟု အိုပေါက ပြောထားပါတယ်။

ဘုရင်မင်းမြတ် နတ်ရွာစံပြီးနောက် မြင်တွေ့ခဲ့ရသော တိမ်တိုက်ပုံသဏ္ဌာန် ကြောင့် ယခုအခါ ထိုင်းပြည်သူများက ဘုရင်မင်းမြတ်ဟာ မိမိတို့ကို စောင့် ရှောက်နေဆဲဖြစ်သည်ဟု ယုံကြည်နေ ကြပါတယ် ။ အောက်တိုဘာလ ၁၃ ရက်တွင် ထိုင်းဘုရင်မင်းမြတ်ဟာ အ သက် ၈၈ နှစ်အရွယ်၌ နတ်ရွာစံသွားခဲ့ ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေးမှာ မသေချာမ ရေရာမှုများနှင့် ရင်ဆိုင်နေရသည့်အချိန် ဖြစ်တာကြောင့် ထိုင်းစစ်အစိုးရက ကွဲ ပြားခြားနားနေသောနိုင်ငံရေးအဖွဲ့အ စည်းများကို ထိန်းချုပ်နိုင်ရန် ကြိုးစားရုန်း ကန်နေရဆဲဖြစ်သည်။

ထိုင်းပြည်သူတစ် ဦးက ( ဘုရင်မင်းမြတ်ကို တိမ်တိုက်တွေ ထဲမှာ မြင်တွေ့ရတာ အားလုံးအဆင်ပြေ သွားမယ်ဆိုတဲ့သင်္ကေတလို့ယုံကြည်ပါ တယ်။ နောက်ပြီးတော့ နတ်ရွာစံသွားပြီး တာတောင် ပြည်သူတွေကို ဆက်ပြီး စောင့်ရှောက်နေဆဲပါပဲ ) ဟု ဆိုခဲ့ကြ ကြောင်း သိရသည်။

Credit:Pyi Myanmar 


22 Nov 2016     1,780 Views




RELATED

Most Popular of International News

Most Popular of NEWS