BEC-TERO TV

ဗီဇာစည်းကမ်းဖောက်သည့် တရုပ်နိုင်ငံသား ၁၃ ဦးကို ပြည်နှင်ဒဏ်ပေး

25 Nov 2016     1,526 Views


၂၀၁၆ ခုနှစ်အတွင်း မန္တလေးတိုင်းအတွင်းသို့ တစ်လလျှင်နိုင်ငံခြားသားဦးရေ ၁၂,၀၀၀ ကျော်ပုံမှန်ဝင်ရောက်လျှက်ရှိပြီး စီးပွားရေး၊ အလည်အပတ်ဗီဇာများနှင့် အများဆုံးဝင်ရောက်လာသူများမှာ တရုပ်နိုင်ငံသားများဖြစ်ကြောင်းသိရှိရသည်။
 
ဇန်နဝါရီလမှ နိုဝင်ဘာလလယ်ထိ ဗီဇာစည်းကမ်းဖောက်ဖျက်သူ ၁၈ ဦး ရှိခဲ့ပြီး ၁၃ ဦးမှာ တရုပ်နိုင်ငံသားများဖြစ်ကြောင်းသတင်းရရှိသည်။ အချို့တရုပ်နိုင်ငံသားများမှာ နေအိမ်များ ငှားရမ်းနေထိုင်လျှက်ရှိပြီး ပြဿနာတစ်စုံတစ်ခုဖြစ်မှသာ စစ်ဆေးပေါ်ပေါက်ခဲ့ရကြောင်း သိရှိရသည့်အတွက် ရပ်ကွပ်အတွင်းနေ ပြည်သူများအနေနှင့် မသင်္ကာမှုတစ်စုံတရာရှိခဲ့ပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ အကြောင်းကြားကြရန် မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌါနမှ ဒုညွှန်ကြားရေးမှုး ဦးဝင်းမြင့်က အသိပေးပြောကြားခဲ့ပါသည်။
 
Ref:7DayDaily
 

25 Nov 2016     1,526 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS