BEC-TERO TV

ကျောင်းသုံးဖတ်စာအုပ် အပြင်မှာရောင်းချမှုတွေကို စိစစ်မည်

25 Nov 2016     1,573 Views


လာမယ့် ပညာသင်နှစ်မှာကျောင်းသုံးဖတ်စာအုပ်တွေ ထုတ်ပေးတဲ့အခါမှာစာအုပ်တွေ ကျောင်းသားတွေလက်ထဲမရောက်ခင်ပြင်ပမှာ ရောင်းချနေခြင်းရှိမရှိနဲ့ ရောင်းချသူတွေအနေနဲ့ ပုံနှိပ်ထုတ်ဝေခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေနဲ့ပတ်သက်မှု ရှိ၊ မရှိစိစစ်မှုတွေပြုလုပ်မယ်လို့ သိရပါတယ်။အခြေခံပညာကျောင်းတွေမှာ ဖတ်စာအုပ်တွေကို ကျောင်းဖွင့်ချိန် အမီထုတ်ပေးပင်မဲ့ တချို့ကျောင်းတွေမှာ ဖတ်စာအုပ်လုံလောက်အောင် မရရှိတာတွေ၊ ကျောင်းဖွင့်အမီ မရရှိတာတွေ ရှိနေပြီး ဖတ်စာအုပ်တွေ ကျောင်းသားတွေလက်ထဲ မရောက်ခင်မှာ ကျောင်းသုံးဖတ်စာအုပ်တွေပြင်ပမှာ ရောင်းချနေမှုတွေကို မည်သို့ ဆောင်ရွက်မည်ဖြစ်ကြောင်းကို ဘီးလင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာ မေးမြန်းခဲတာ ဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန်အမီ ပုံနှိပ်စာအုပ်တွေရရှိဖို့၊ ကျောင်းသားဦးရေအတိုင်း ရရှိဖို့နဲ့ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနက တာဝန်ယူပြုလုပ်နေကြောင်း၊ အိတ်ဖွင့်တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီတွေနဲ့ အချိန်မီ ရိုက်နှိပ်ပြီးစီးအောင် ဆောင်ရွက်ကြောင်း၊ ကျောင်းတွေကို ပေးပို့တဲ့ အခါမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ရာသီဥတု မကောင်းတာ စတဲ့ အခက်အခဲတွေကြောင့် အချိန်အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိတာတွေ ရှိနိုင်ကြောင်းနဲ့ ကျောင်းသားဦးရေ အပြည့်ဖတ်စာအုပ် မရရှိတာက အရင်နှစ်က ကျောင်းသားဦးရေ အမှန်စာရင်းကို အခြေခံပြီး ခွဲတမ်းပြုလုပ်ရတာကြောင့် ပိုတဲ့ကျောင်းတွေ ရှိသလို လိုအပ်တဲ့ ကျောင်းတွေလည်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပြန်လည်ဖြေကြားခဲ့ပါတယ်။

Soure : မော်ဒန်သတင်းဂျာနယ်


25 Nov 2016     1,573 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS