BEC-TERO TV

ဘီပီအိုင်သောက်ဆေးတွေ အတုအစစ်ခွဲခြားနိုင်အောင် ပုံစံအသစ်နဲ့ထုတ်လုပ်

25 Nov 2016     2,021 Views


ဘီပီအိုင်သောက်ဆေးတွေကို အတုအစစ်ခွဲခြားသိနိုင်အောင် ထုပ်ပိုးမှုပုံစံအသစ်နဲ့ထုတ်လုပ်နေပြီလို့သိရပါတယ်။စက်မှုဝန် ကြီးဌာန အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က “ထုပ်ပိုးမှုအပိုင်းလဲ ပြောင်းဖို့တော့ရှိတယ်၊ ပြောင်းဖို့လဲ လုပ်နေပါတယ်၊ သောက်ဆေးတွေမှာဆိုရင် အရင်တုန်းကတော့ ရိုးရိုးဘူးနဲ့ပဲလုပ်တယ်၊ အခုဆိုရင် အတုလုပ်ဖို့ခက်အောင်ကို အဲဒီဘူးမှာ ဘီပီအိုင်ဆိုတဲ့ အသားတံဆိပ်လေးလည်ပင်းရယ်၊ အဖုံးရယ်၊ အောက်ခြေမှာရယ် ထည့်ထားတယ်၊ ဒါကလဲပြီးခဲ့တဲ့ အောက်တိုဘာလက စပြီးလုပ်တာပါ။လောလောဆယ်တော့ ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့်ရှိချင်မှရှိမယ်” လို့ပြောပါတယ်။ဆေးဝါးအတုတွေက တကယ်တမ်း ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတာက (၁၉)မျိုးလောက်ရှိပါတယ်။’ဒါပင်မဲ့ လုပ်တဲ့သူကလဲ အမယ်တိုင်းကိုတော့ မလုပ်ဘူး၊ မြတ်မယ့်ဆေးကို လုပ်ကြတယ်။

ဘာလို့လဲဆိုတော့ အရောင်စုံလုပ်ရတာဆိုတော့ များသောအားဖြင့်တော့ လေးငါးမျိုးလောက်ပဲလုပ်ကြတယ်၊ ဘယ်လိုဆေးမျိုးတော့ အတုဖြစ်နိုင်လဲဆိုတာ သိတယ်၊ ဒါပင်မဲ့ POM လို့ခေါ်တဲ့ ဆရာဝန်သမားကိုင်တာတွေတော့ အတုနည်းတယ်၊ အတုလုပ်တာ ဒီလွယ်လွယ်ကူကူဝယ်လို့ရတဲ့ ဆေးတွေက များသောအဖြင့် အတုများတယ်’ လို့ ဦးကိုကိုအောင် ကပဲပြောပါတယ်။ဘီပီအိုင်ဆေးတွေကို အတုအစစ်ခွဲမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့်တော့ exp,lot number ရှိတယ်။အဲဒါတွေက ဘယ်အချိန်ကထုတ်ထားလဲဆိုတာ ကြည့်ရမယ်။အဲဒါတွေမှ မပါဝင်ရင်တော့အတုသေချာတယ်။ထိုးဆေးတော့ မလုပ်ရဲဘူး၊ သူကျတော့လုပ်ရတာခက်တယ်။ဒါပင်မဲ့ သူတောင်လုပ်တဲ့သူတွေတောင် လုပ်တာရှိတယ်။လက်ရှိမှာတော့ ဖမ်းဆီးမှုနဲ့ပဲ ထိန်းချုပ်နေရပါတယ်။

Soure : The Modern Weekly


25 Nov 2016     2,021 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS