BEC-TERO TV

ကားပေါ်ကပြုတ်ကျပြီးနောက် ကားကလူကိုပြန်တက်ကျိတ်

25 Nov 2016     1,503 Views


အောက်တိုဘာလ ၂၅ ရက်နေ့က အမေရိကန် ဖလော်ရိဒါပြည်နယ် အောလန်ဒိုရှိ အဖော်ချွတ်ကလပ်ကနေ မူးမူးနဲ့ ပြန်ထွက်လာတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ထရပ်ကားကို အရှိန်နဲ့ မောင်းထွက်ပြီး မကြာခင်မှာပဲ ကားထဲမှ တံခါးပွင့်ထွက်ကျခဲ့ပြီး သူ့ရဲ့ ကားနဲ့ပဲ ပြန်ကျိတ်ခံခဲ့ရပါတယ်။
 
ကားက အနီးနားရှိ နေအိမ်တစ်လုံးထဲကို အရှိန်နဲ့ဝင်သွားခဲ့ပြီး အိပ်ပျော်နေတဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက်ခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်မောင်းသူ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ယာဉ်ပေါ်ကလိမ့်ကျခဲ့တဲ့ နေရာတွင်ကျန်ခဲ့သော သူ၏ လိုင်စင်မှတစ်ဆင့် ခြေရာခံကာ အောက်တိုဘာ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ 
 
မူးယစ်ရမ်းကားမောင်နှင်သူ “အဒ်ဝဒ်စ်” ဟာ လက်ရှိမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထိန်းသိမ်းစောင့်ကြည့်ခံနေရဆဲဖြစ်ကာ အဆိုပါကာလအတွင်း ယခုကဲ့သို့ ပြစ်မှုကျူးလွန်သည့်အတွက် ပြစ်မှုကြီးများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။  
 
ဗီဒီယိုတွင် စိတ်ညစ်ညူးဖွယ်ရာများ ပါရှိသည့်အတွက် ဆင်ခြင်ကြည့်ရှုပါရန် အသိပေးအပ်ပါသည်။
 

25 Nov 2016     1,503 Views




RELATED

Most Popular of Special or Others

Most Popular of NEWS