BEC-TERO TV

မွေးနေ့မတိုင်ခင် နှစ်ပတ်အလို ပွဲဦးထွက်လက်ဝှေ့ပွဲမှာ သေဆုံးခဲ့ရတဲ့လက်ဝှေ့သမား

25 Nov 2016     1,285 Views


အသက် 22 နှစ်အရွယ်သာ ရှိသေးတဲ့ Kuba Moczyk အမည်ရ တက်သစ်စ ပိုလန်လက်ဝှေ့သမားတစ်ယောက်ဟာ သူ့ရဲ့ ပထမဆုံးပွဲမှာ ပြိုင်ဘက်ရဲ့ အလဲထိုးခြင်းကို ပြင်းထန်စွာ ခံခဲ့ရပြီး၊ သတိလစ်မေ့မျော့ကာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါ တယ်။ Kuba ရဲ့ မွေးနေ့ပွဲ့ဟာ လာမယ့် နှစ်ပတ်မြောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Kuba ဟာ Atlantis Arena မှာ ကျင်းပခဲ့တဲ့ လက်ဝှေ့ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ ၎င်းမှာ မိဘနှစ်ပါးနဲ့အတူ အမွှာညီမတစ်ယောက်လည်း ရှိပြီး၊ ဒီသေဆုံးမှုကြောင့် သူငယ်ချင်းတွေကလည်း အလွန်စိတ်မကောင်း ဖြစ်နေကြ တယ်လို့ သိရပါတယ်။

သတိလစ်နေတဲ့ Kuba ကို James Paget University Hospital ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပေမယ့် ဦးနှောက်ထဲကို သွေးယိုစိမ့်မှု ဖြစ်ပေါ်ခဲ့လို့ ကယ်ဆယ်ဖို့အတွက် ဒေါက်တာတွေကလည်း အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဆေးရုံရောက်ပြီး သုံးရက်ခန့်အကြာမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ Kuba ဟာ အပြီးတိုင် လူ့ဘ၀ကို စွန့်ခွာသွားခဲ့ပါတယ်။ လက်ဝှေ့ပွဲစီစဉ်သူ Leon Docwra က သတင်းစာရှင်းလင်းပွဲမှာ ” သူဟာ လေ့ကျင့်သား သုံးနှစ်ရပြီးတဲ့ လက်ဝှေ့သမားကောင်း တစ်ယောက်ပါ … ဒါပေမယ့် ဒီပွဲက သူ့အတွက် ကြီးကျယ်လွန်းပါတယ် … ဒါက သူရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပွဲပါဘဲ”လို့ ပြောခဲ့ပါတယ်။

ပထမအချီနဲ့ ဒုတိယအချီတွေမှာ Kuba ဟာ ပြိုင်ဘက်ကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ တတိယအချီအရောက်မှာ ပြိုင် ဘက်ရဲ့ ပြင်းထန်တဲ့ လက်သီးချက်မိပြီးနောက် အလူးအလံ ပြန်ခံခဲ့ရပါတယ်။ စတုတ္ထအချီမှာတော့ ပြိုင်ဘက်ရဲ့ စိတ် ကြိုက်ထိုးခြင်း ခံခဲ့ရပြီး သတိလစ်မေ့မျောသွားပါတော့တယ်။ အဲဒီနောက် ဆေးရုံကို အမြန်ပို့ခဲ့ပေမယ့် အသက် မကယ် လိုက်နိုင်တော့ပါဘူး။

Credit : လင်းဇော်ကို (Shwemom)


25 Nov 2016     1,285 Views




RELATED

Most Popular of International News

Most Popular of NEWS