BEC-TERO TV

ရခိုင်အရေးနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ပြန်လည်ရုတ်သိမ်းရန် ဆွေးနွေးမည်ဟု မလေးရှားဒုဝန်ကြီးချုပ်ဆို

27 Nov 2016     1,369 Views


ရိုဟင်ဂျာအရေးကိစ္စနှင့်ပက်သက်ပြီး မလေးရှားလူမှုအဖွဲ့အစည်းတစ်ခုအနေနဲ့ အရေးပါတဲ့တွေ့ဆုံပွဲတစ်ရပ်ကို လာမည့် ဒီဇင်ဘာ (၄)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ လက်ထောက်ဝန်ကြီးချုပ် အာမက်ဇာဟစ် ဟာမီဒီက ပြောကြားလိုက်ပါတယ်။
 
အဆိုပါတွေ့ဆုံပွဲကို မလေးရှားနိုင်ငံ ဝန်ကြီူချုပ် နာဂျစ်အဘ်ဒူလာရာဇတ် တက်ရောက်မည်ဖြစ်ပြီး။ အာမက်ဇာဟစ်က အခြားနိုင်ငံရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များကိုလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီးကျင်ပမည့်နေရာကိုတော့ နောက်မှသီးခြားထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
"ကျွန်တော်တို့ရဲ့ နိုင်ငံရေးအရ လုပ်ပုံကိုင်ပုံ မတူညီတာတွေကို ဘေးဖယ်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်ဆလင်တွေ ခံစားနေရတာတွေဟာ မွတ်ဆလင်အားလုံးနဲ့ ပက်သက်တဲ့အတွက် ဆန္ဒထုတ်ဖော်ရမှာပဲဖြစ်ပါတယ်" လို့ နိုဝင်ဘာ ၂၆ ရက်နေ့ညက ပြောကြားသွားခဲ့ပါတယ်။ နိုင်ငံတွင်း မွေးဖွားလာတဲ့ ရိုဟင်ဂျာကလေးငယ်တွေရဲ့ မွေးစာရင်းကို ထုတ်ပေးတာတွေအပါအဝင် မလေးရှားနိုင်ငံက အခြားနိုင်ငံတွေထက် ရိုဟင်ဂျာပြဿနာကို အများကြီးဖြေရှင်းပေးခဲ့ပြီးဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
 
"ကျွန်တော်တို့ဟာ သူများနိုင်ငံကို မျက်နှာပျက်စေချင်တဲ့ ဆန္ဒနဲ့လုပ်တာမဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာပြည်က မွတ်ဆလင်ရိုဟင်ဂျာတွေရဲ့ ခံစားချက်တွေကို ဘာသာတူခြင်းဖြစ်လို့ ခံစားမိတဲ့အတွက် ဆန္ဒထုတ်ဖော်ဖို့ လုပ်တာပါ" ဟု ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးကို ဆန္ဒပြဖို့ အစိုးအရအဖွဲ့မှ ဆုံးဖြတ်ပေးခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းသည် သူတစ်ပါး၏ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်လို၍ မဟုတ်ပဲ မြန်မာအစိုးရအနေနဲ့ ရိုင်ဟင်ဂျာအရေးကို ဖြေရှင်းဖို့ ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။
 
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်ရုတ်သိမ်းနိုင်ရန်လည်း ဆွေးနွေးသွားမည်ဟု သိရှိရသည်။
 
"ငြိမ်းချမ်းရေးအတွက် နိုဘယ်ဆုရခဲ့သူက ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်ဘူးဆိုတာ မေးစရာရှိလာပါတယ်" ဟု ထပ်လောင်း ပြောကြားခဲ့သည်။
 
Ref:CNA

27 Nov 2016     1,369 Views




RELATED

Most Popular of International News

Most Popular of NEWS