စလည်ဝင် ဖင်မမဲခင်က ထောင်နန်းစံရတော့မည့် သတို့သားလောင်း
28 Nov 2016 1,613 Views

ပဲခူးတိုင်း စိုင်တီကျေးရွာတွင် မင်္ဂလာဦးဆွမ်းကျွေးကိစ္စ တိုင်ပင်ဆွေးရာမှ လူသတ်မှုဖြစ်ပွားပြီး သတို့သားဖြစ်သူ ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ည ၁၀ နာရီကျော်ခန့်တွင် မင်္ဂလာဦးဆွမ်းကျွေးကိစ္စ တိုင်ပင်နေစဉ် သတို့သား၏ အစ်ကိုဝမ်းကွဲတော်စပ်သူ အရက်မူးကာ ရောက်ရှိလာပြီး အချင်များရာ၌ သတို့သား၏ ဖခင်ကို လက်သီးနှင့်ထိုးကာ သစ်သားယောက်မနှင့် ရိုက်ရန် ရွယ်စဉ် သတို့သားဖြစ်သူ အသက် (၁၈)နှစ် က ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
ဓားထိုးခံခဲ့ရသော အစ်ကိုဝမ်းကွဲတော်သူ အသက် (၂၇)နှစ်အရွယ်ကို ပဲခူးပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရာ တစ်နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ခြင်ဖြစ်သည်။
ထို့ကြောင့် သတို့သားလောင်းဖြစ်သူအား လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ပဲခူးရဲစခန်း၌ အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။ လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် မင်္ဂလာဆောင်ရန် စီစဉ်ထားတဲ့အတွက် စလည်ဝင်အိုးလေး မီးဖိုပေါ်မတင်ရသေးခင်ကပင် ထောင်နန်းစံရတော့မည့် အဖြစ်ဆိုက်ခဲ့ရပါသည်။
Ref:&DayDaily







