ဂျပန်နိုင်ငံက ထူးထူးဆန်းဆန်း စပါး(spa) အပန်းဖြေကစားကွင်း
28 Nov 2016 1,977 Views
ဂျပန်နိုင်ငံ ဘတ်ပူးမြို့မှာရှိတဲ့ အပန်းဖြေကစားကွင်းက ကမ္ဘာပေါ်မှာရှိတဲ့ အခြားအပန်းဖြေကစားကွင်းတွေနဲ့ လုံးဝမတူပဲ တစ်မူထူးခြားနေပါတယ်။ ရိုလာကိုစတာတွေ၊ ရေလွှာလျောစီးတွေ စတာတွေအားလုံးက ရေးနွေးနွေးလေးတွေ ထည့်ထားတဲ့ တွဲလေးတွေထဲမှာ ရေစိမ်ရင်း လိုက်စီးရတာဖြစ်ပါတယ်။
စပါးတစ်ခုထဲရောက်သွားသလိုမျိုးခံစားရင် ပျော်စရာကစားစရာတွေကိုပါ လိုက်ပါစီးနင်းကစားလို့ရပါတယ်။ စပါးအားကစားကွင်းဆိုတာ ဘယ်လိုပါလိမ့်လို့ သိချင်ရင်တော့ ဗီဒီယိုမှာ ကြည့်ရှုလိုက်တာက ပြောပြတာထက်ပိုပြီး ပြီးပြည့်စုံပါလိမ့်မယ်။ ဂျပန်နိုင်ငံကို အလည်အပတ် ရောက်ဖြစ်ခဲ့ရင်တော့ သွားသင့်တဲ့နေရာလေးတစ်ခုပေါ့နော်..။








