BEC-TERO TV

ဒေါ်နယ်ထရန့်ထောက်ခံသူတစ်ဦးကို အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်စီးခွင့် တစ်သက်စာပိတ်

29 Nov 2016     1,256 Views


အမေရိကန်၏ အထင်ကရလေကြောင်းလိုင်းကြီးတစ်ခုဖြစ်သည့် ဒယ်လ်တာလေကြောင်းလိုင်းက လေယာဉ်ပေါ်တွင် အော်ဟစ်သောင်းကျန်းကာ ဟီလာရီကလင်တန် ဘက်တော်သားများကို ပုတ်ခတ်ဆဲဆိုခဲ့သည့်အတွက် အမျိုးသားတစ်ဦးကို ဒယ်လ်တာလေကြောင်းလိုင်း စီးနင်းခွင့် တစ်သက်တာ ပိတ်ပင်ခဲ့သည်။
 
နိုဝင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပျက်ခဲ့သော အဆိုပါဖြစ်စဉ်ကို လေယာဉ်စီးခရီးသည် တစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ခဲ့ပြီး အွန်လိုင်းစာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ ၄၅ စက္ကန့်သာ ကြာမြင့်သည့် ဗီဒီယိုထဲတွင် ဦးထုတ်ဆောင်းထားသော အမျိုးသားတစ်ဦးမှ ထရန့်ကို အားပေးသူဖြစ်ပြီး  ဟီလာရီခွေးမတွေ ဒီမှာရှိနေပါလားလို့ စော်ကားခဲ့ခြင်းဖြစ်သည်။ 
 
အဆိုပါဖြစ်စဉ်အတွက် ဒယ်လ်တာလေကြောင်းလိုင်းက ခရီးသည်များကို တောင်ပန်ကြောင်းနှင့် နောက်ထပ် ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့ စနေနေ့က တောင်းပန်လိုက်ပါတယ်။ ထို့နောက် အဆိုပါ အမျိုးသားကို တစ်သက်တာ ဒယ်လ်တာလေကြောင်း စီနင်းခွင့်ကိုလည်း ပိတ်လိုက်ပါတယ်။ စော်ကားခဲ့သူ အမျိုးသား၏ အမ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါ။
 

29 Nov 2016     1,256 Views




RELATED

Most Popular of International News

Most Popular of NEWS